close

ကမ်းရိုးတန်းဒေသ

close

December 5, 2021

ဆိုင်ကလုန်းမုန်တိုင်း နီးလာသဖြင့် ကမ်းရိုးတန်းဒေသများကို အိန္ဒိယသတိပေး

ဆိုင်ကလုန်းမုန်တိုင်းတရပ် ချဉ်းကပ်လာနေလို့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဩဒိရှ နဲ့ အန်ဒရာ ပရာဒေ့ရှ် ပြည်နယ်တွေမှာ လူတွေ ကမ်းရိုးတန်း ဒေသတွေကနေ ဝေးဝေးနေကြဖို့ ဒီဇင်ဘာ ၄ ရက်က သတိပေးခဲ့ပါတယ်။

ဒေသခံ အာဏာပိုင်တွေက ထောင်ချီတဲ့ လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးပြီးပါပြီ။ 

ဂျာဝဒ်လို့ နာမည်ပေးထားတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ အိန္ဒိယအရှေ့ပိုင်းက ပူရီမြို့ကို ဒီဇင်ဘာ ၅ ရက်မှာ ဖြတ်သန်းပြီး ကုန်းတွင်း ဝင်ရောက်မယ့် အလားအလာ ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

မုန်တိုင်းဟာ ဒီဇင်ဘာ ၄ ရက်နေ့မှာ ဝိစက္ခ ပတ္တနမ်မြို့ကနေ ၂၁၀ ကီလိုမီတာ အကွာမှာရှိနေပြီး တနင်္ဂနွေ မွန်းလွဲချိန်မှာ ပူရီမြို့ဆီ မရောက်ခင် အားနည်းသွားမယ်လို့ အိန္ဒိယမိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

1 min Ago
Up