close

ကယားပြည်နယ် ဝန်ကြီးချုပ်

close

February 1, 2022

စစ်ကောင်စီက ရန်ကုန်တိုင်းနှင့် ကယားပြည်နယ်၌ ဝန်ကြီးချုပ်သစ် အစားထိုးခန့်အပ်

ရာထူးကနေ အနားပေးလိုက်တဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ကယားပြည်နယ်ဝန်ကြီးချုပ်တို့ နေရာမှာ  ဝန်ကြီးချုပ်အသစ် ၂ ယောက်ကို စစ်ကောင်စီက  ဖေဖော်ဝါရီ ၁ ရက်  ဒီကနေ့ အစားထိုးခန့်အပ်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နေရာအတွက် ဦးစိုးသိန်းကို ခန့်အပ်လိုက်တာဖြစ်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်နေရာအတွက် ဦးဇော်မျိုးတင်ကို တာဝန်ပေးခန့်အပ်လိုက်တာလို့ စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက   ဒီနေ့ ဖေဖော်ဝါရီ ၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

ရန်ကုန်ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်လိုက်တဲ့ ဦးစိုးသိန်းဟာ DSA အမှတ်စဉ်  ၂၄  ဆင်းဖြစ်ပြီး အရင်က ကကစစ်ချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသလို စစ်တပ်ကုမ္ပဏီဦးပိုင်ရဲ့ ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ်သစ် ဦးဇော်မျိုးတင်ကတော့ စစ်တက္ကသိုလ် အပတ်စဉ် ၃၂ ဆင်း ဗိုလ်ချုပ်ဟောင်း ဇော်မျိုးတင်ဖြစ်ပြီး ၂၀၁၆ ခုနှစ်က ဗိုလ်မှူးကြီးရာထူးနဲ့ ကယားပြည်နယ် လွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နဲ့ ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပါတယ်။ 

ဗိုလ်မှူးချုပ် ရာထူးတိုးမြှင့်ခံရကာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်) ဒကစမှူးအဖြစ် တာဝန်ယူခဲ့ပြီးနောက် နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ ဗိုလ်ချုပ်ရာထူးနဲ့ ရောက်ရှိကာ စခန်းမှူးတာဝန် ရယူခဲ့သူလည်း ဖြစ်ပါတယ်။ 

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးလှစိုးနဲ့ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးခင်မောင်ဦး(ခ)ဘူးရယ်တို့ကို တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း ဇန်နဝါရီ ၃၁ ရက် မနေ့ညပိုင်းမှာ စစ်ကောင်စီက  ထုတ်ပြန်ကြေညာခဲ့ပြီး ဒီနေ့မှာ ဝန်ကြီးချုပ်သစ် အစားထိုး ခန့်လိုက်တာလည်း ဖြစ်ပါတယ်။

5 mins Ago

September 7, 2020

ဦးအယ်လ်ဖောင်းရှိုရဲ့ အိမ်ပြန်ခရီး (ဓာတ်ပုံ) 

ရာထူးတာဝန်ကနေ ရပ်စဲခံရတဲ့ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို ဟာ သူ့ရဲ့ ဇာတိမြို့ဖြစ်တဲ့ မယ်စဲ့မြို့ကို အပြန်မှာ ဒေသခံတွေက ကြိုဆိုခဲ့ကြပါတယ်။ “ကျွန်တော့ရဲ့ ဇာတိမြို့နယ်‌လေးဖြစ်တဲ့ မယ်စဲ့မြို့လေးကို တာဝန်လွှဲပြောင်းပြီးလို့ အပြန်ခရီးလေးတလျှောက် ကျွန်တော့ကို ချစ်ခင်ကြတဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်မှ ကြိုဆိုပေးကြတဲ့ ပြည်သူများရဲ့ တစ်ဦးချင်း တစ်ဦးချင်းကပေးတဲ့ မေတ္တာများကို ကျွန်တော်ရရှိပါတယ်။ တန်ဖိုးလည်း ထားနေမှာပါ။ Covid ကာလ ဖြစ်တာကြောင့် တားမြစ်လို ပေမဲ့လည်း အသိအမှတ်ပြုသူများရဲ့ မေတ္တာကို မလွန်ဆန်နိုင်ခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်နှင့်အညီ အတတ်နိုင်ဆုံး ကြိုဆိုပေးကြသူများ ကိုလည်း ကျေးဇူးတင်ရှိပါတယ်။”လို့ ဦးအယ်လ်ဖောင်းရှိုက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။ ဦးအယ်လ်ဖောင်းရှိုကို ကယားပြည်နယ်လွှတ်တော်မှာ  စက်တင်ဘာ ၁ ရက်က  စွပ်စွဲပြစ်တင်မဲခွဲဆုံးဖြတ်ပြီး  စက်တင်ဘာ ၃ ရက်မှာ သမ္မတက တာဝန်ကနေ ရပ်စဲခဲ့တာ ဖြစ်ပါတယ်။ ဦးအယ်လ်ဖောင်းရှိုဟာ ဝန်ကြီးချုပ်တာဝန်ကနေ ဖယ်ရှားခံခဲ့ရပေမယ့် ဥပဒေအရ ပြည်နယ် လွှတ်တော်အမတ်တစ်ဦးအဖြစ် ဆက်ရှိမှာဖြစ်တဲ့အပြင် လာမယ့် ရွေးကောက်ပွဲမှာ မယ်စဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကနေ အန်အယ်လ်ဒီကို ကိုယ်စားပြုပြီး ပြည်နယ်လွှတ်တော် အတွက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
1 year Ago
Up