close

ကယား

close

April 17, 2023

ဒီးမော့ဆိုမြို့နယ်၌ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် စစ်ရှောင် ကလေးငယ် ၁ ဦး ဒဏ်ရာရ

ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို ဧပြီ ၁၆ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက် ၄ နှစ်အရွယ် စစ်ဘေးရှောင် မိန်းကလေးငယ်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။

စစ်ဘေးရှောင်အမျိုးသမီးတဦးက  "စစ်ရှောင်စခန်းနားက ကလေးတွေကစားနေတဲ့အချိန်မှာ ထိတာဆိုတော့ ကလေးတယောက်ထိသွားတာ"လို့ ပြောပါတယ်။

ဒဏ်ရာရ ကလေးငယ်ကို မူကယန်း လူမှုကူညီရေးအသင်းက ကုသပေးခဲ့ပြီး က​လေးရဲ့ လက်မောင်းကို လက်နက်ကြီးအစထိရှခဲ့ပြီး မစိုးရိမ်ရဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နယ်မှာ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေကို နေ့စဥ်ပြုလုပ်နေပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း အကြိမ်ရေများစွာ ပြုလုပ်နေပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရတဲ့ စစ်ဘေးရှောင်ဦးရေ ၁၃၄ ဦးထိ ရှိနေပြီလို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) က မတ်လ ၃၁ ရက်နေ့ ထုတ်ပြန်ထားပါတယ်။

Photo- Mu Kayan လူမှုကူညီရေးအသင်း

2 hours Ago

March 8, 2023

ကယားတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေသူ ၉၀၀ ကျော်ရှိပြီး စာစစ်ဌာန ၄ ခုသာ ဖွင့်လှစ်နိုင်

ဒီနေ့ မတ်လ ၈ ရက် ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ကယားပြည်နယ်ရဲ့ မြို့နယ်လေးခုမှာ စာစစ်ဌာန ၄ ခုသာ ဖွင့်လှစ်နိုင်ပြီး ဝင်ရောက်ဖြေဆိုသူ အရေအတွက်က ၉၀၀ ကျော်ပဲရှိတယ်လို့ ပညာရေးဌာန အသိုက်အဝန်းက သိရပါတယ်။

ကယားပြည်နယ်မှာ လွိုင်ကော်မြို့၊ ရှားတောမြို့၊ ဖရူဆိုမြို့၊ ဒီးမော့ဆိုမြို့၊ မယ်ဆယ်မြို့၊ ဘော်လခဲမြို့၊ ဖားဆောင်းမြို့နယ်ဆိုပြီး မြို့နယ် ၇ ခုအထိ ရှိပါတယ်။

ဒါပေမဲ့ လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်ဆယ် အစရှိတဲ့ မြို့နယ် ၄ ခုမှာပဲ စာစစ်ဌာနတွေ ဖွင့်လှစ်နိုင်ပြီး အရင်နှစ်ကလည်း စာစစ်ဌာန ၄ ခုသာ ဖွင့်လှစ်နိုင်ခဲ့သလို တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုဖို့ စာရင်းပေးထားသူ ၉၉၅ ဦးအနက် ကျောင်းသားကျောင်းသူပေါင်း ၉၂၁ ဦး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်သူ ၇၄ ဦးရှိတယ်လို့ ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်အထိ ကယားပြည်နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ စာစစ်ဌာနပေါင်း ၂၀ ကျော်အထိ ဖွင့်လှစ်ခဲ့သလို ဝင်ရောက်ဖြေဆိုသူ ဦးရေဟာ တပြည်နယ်လုံးဆိုရင် ၈,၀၀၀ နီးပါးအထိ ရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီတပ်တွေရဲ့ နယ်မြေစိုးမိုးနိုင်မှုတွေ များပြားလာတာနဲ့အတူ စစ်ကောင်စီကပြုလုပ်တဲ့ စာမေးပွဲ ၂ ကြိမ်လုံးကို စာစစ်ဌာန ၄ ခုအထိပဲ ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လာမယ့်ပညာသင်နှစ်မှာ တနိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ကြုံးဝါးထားပါတယ်။

1 month Ago
Up