close

ကယ်ဆယ်ရေးပစ္စည်း

close

December 8, 2021

မင်းတပ်မြို့အတွက် ကယ်ဆယ်ရေးပစ္စည်းများ UNHCR ထပ်မံပေးပို့

စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက် ဖျက်ဆီးမီးရှို့တာခံခဲ့ရတဲ့ ချင်းပြည်နယ်၊  မင်းတပ်မြို့နယ်က မိသားစုတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းတွေ ဒုတိယအကြိမ် ပေးပို့ခဲ့တယ်လို့  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ထုတ်ပြန်ပါတယ်။

မင်းတပ်မြို့တွင်းနေရာတချို့မှာ ခိုလှုံနေတဲ့ မိသားစု ၆၈၀ ကျော်အတွက်  နေအိမ်အမိုးအကာဆိုင်ရာ ပစ္စည်းစုံ၊ နေရောင်ခြည်သုံးမီးအိမ်တွေ၊ သာမိုမီတာတွေ၊ လက်ဆေးရည် ဆပ်ပြာရည်တွေ၊ နှာခေါင်းစည်းတွေ၊ စောင်နဲ့ဖျာတွေ၊ ရေပုံးနဲ့ အမှိုက်ပုံးလို အဓိက လိုအပ်နေတဲ့ အရေးပေါ် ပစ္စည်းတွေ ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

UNHCR ဟာ ချင်းပြည်နယ်နဲ့ မြန်မာနိုင်ငံက တခြားဒေသအသီးသီးမှာ အကူအညီလိုနေတဲ့ လူမှု အသိုင်းအဝိုင်းတွေဆီကို ရောက်ရှိဖို့အတွက် သင့်တော်တဲ့ နည်းလမ်းပေါင်းစုံကို ရှာဖွေဖို့ လက်တွေ့ ကွင်းဆင်းလုပ်နေတဲ့ မိတ်ဖက်အဖွဲ့တွေနဲ့ အတူဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း  မင်းတပ်မြို့ကို UNHCR ယာဉ်တန်းသွားရောက်ပြီး  အိမ်ထောင်စု ၁၀၀၀၊ လူဦးရေ ၅၀၀၀ အတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ခဲ့ပါတယ်။

Photo- UNHCR

3 mins Ago
Up