close

ကယ်ဆယ်ရေးလေယာဉ်

close

April 30, 2023

တူရကီစစ်တပ်စေလွှတ်သည့် ကယ်ဆယ်ရေးလေယာဉ် ဆူဒန်တွင်ပစ်ခတ်ခံရ

တူရကီနိုင်ငံသားတွေအတွက် ဆူဒန်ကိုစေလွှတ်ခဲ့တဲ့ စစ်တပ်ရဲ့ ကယ်ဆယ်ရေးလေယာဉ် ပျက်စီးမှုကို မြေပြင်ရှိအဖွဲ့တွေက စစ်ဆေးနေကြပြီး မကြာခင်မှာ ပြန်ပြုပြင်ပြီးနိုင်မယ်လို့ မျှော်လင့်ရကြောင်း တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီအက်ကာက ပြောပါတယ်။ 

တူရကီ ကယ်ဆယ်ရေးလေယာဉ်ဟာ ခါတွမ်မြို့တော်အပြင်ဘက်ရှိ ဝါဒီဆေယစ်ဒ်နာ လေဆိပ်ကို ဆင်းသက်နေတုန်း အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) က တူရကီ ကယ်ဆယ်ရေး လေယာဉ်ကိုပစ်ခတ်ခဲ့တာကြောင့် သူ့ရဲ့လောင်စာဆီစနစ် ပျက်စီးသွားခဲ့ကြောင်း ဆူဒန်စစ်တပ်က သောကြာနေ့အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ 

RSF ကတော့ အဲဒီလေယာဉ်ကို ပစ်ခတ်ခြင်းမရှိကြောင်း ငြင်းဆိုထားပြီး ဆူဒန်စစ်တပ်က အလိမ်အညာတွေ ဖြန့်နေတာ လို့ ဆိုပါတယ်။ 

RSF တပ်ဖွဲ့တွေဟာ သဘောတူထားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ညသန်းခေါင်ကျော်ချိန်ကတည်းက စွဲစွဲမြဲမြဲ ကတိကဝတ် လိုက်နာထားကြောင်းနဲ့ အာဒမန် မှာရှိတဲ့ ဝါဒီဆေယစ်ဒ်နာ လေဆိပ်ရဲ့ ကောင်းကင်ယံမှာ ဘယ်လေယာဉ်ကိုမှ ပစ်မှတ်ထား ပစ်ခတ်ခဲ့တယ် ဆိုတာ မမှန်ပါဘူး” လို့ RSF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

တူရကီကာကွယ်ရေးဝန်ကြီးဌာနဟာ အဲဒီလေယာဉ် ပစ်ခတ်ခံခဲ့ရကြောင်း အတည်ပြုခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ၊ သေဆုံးမှုတွေ မရှိခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

လေယာဉ်ပျက်စီးမှု အနည်းငယ်ရှိသွားတာကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း အက်ကာက ပြောပါတယ်။ ဆူဒန်မှာ ကျန်နေသေးတဲ့ နိုင်ငံသားအားလုံးကို ကယ်ထုတ်ဖို့အတွက် နောက်ထပ် စစ်လေယာဉ် ၅ စီးကို စေလွှတ်ထားတယ်လို့လည်း သူက ဆိုပါတယ်။ ဆူဒန်စစ်တပ်ကတော့ အဲဒီလေယာဉ်ကို ပြန်ပြုပြင်ထားကြောင်း ပြောပါတယ်။ 

10 mins Ago

August 27, 2020

အတည်ပြုလူနာအမှတ် ၅၈၀ ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လာသူဖြစ်

သြဂုတ်လ ၂၆ ရက်နေ့ညက ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အမေရိကန်ကပြန်လာတဲ့ အတည်ပြုလူနာအမှတ် ၅၈၀ ဟာ သြဂုတ်လ ၁၈ ရက်နေ့က ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လာတဲ့သူဖြစ်ပါတယ်။  သူဟာ သြဂုတ် ၂၅ ရက်ညက ထုတ်ပြန်တဲ့ အတည်ပြုလူနာ ၄၇၆ ရဲ့ သမီးဖြစ်တယ်လို့ Quarantine စင်တာ တာဝန်ရှိသူထံက သိရပါတယ်။  သူတို့ကို လှိုင် Quarantine စင်တာမှာ တစ်ခန်းတည်း အတူထားတာဖြစ်ပြီး လက်ရှိ Quarantine စင်တာမှာတော့ သူတို့နဲ့ ထိတွေ့သူ မရှိဘူးလို့ သိရပါတယ်။  သူတို့ကို ဝေဘာဂီဆေးရုံကို ပို့ဆောင်ထားပြီး ဆေးကုသပေးနေတာ ဖြစ်ပါတယ်။  သြဂုတ် ၁၈ ရက်နေ့က ကယ်ဆယ်ရေးလေယာဉ်မှာ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံက ၁ ဦး၊ ချက်သမ္မတနိုင်ငံက ၁ ဦး၊ ဩစတြီးယား ၂ ဦး၊ ဗီယက်နမ်က ၂ ဦး၊ အီတလီက ၂ ဦး၊ ဆွဇ်ဇာလန်က ၃ ဦး၊ ဘရာဇီးက ၃ ဦး၊ အင်ဒိုနီးရှားက ၄ ဦး၊ ဗြိတိန်က ၃ ဦး၊ ကနေဒါက ၄ ဦး၊ ဘယ်လ်ဂျီယံက ၅ ဦး၊ အီဂျစ် ၅ ဦး၊ အမေရိကန်က ၂၉ ဦး၊ ကိုရီးယားက ၂၈ ဦး၊ သင်္ဘောသား ၁၇ ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း ၁၀၉ ဦးကို ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ကတစ်ဆင့် ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ယူခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။  သတင်း - နူးရာ
3 years Ago
Up