အာဆင်နယ်အသင်းဟာ အဲဗာတန်တိုက်စစ်မှူး ကယ်ဗက်လီဝင်ကို လာမယ့်နွေရာသီအပြောင်း အရွှေ့မှာခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းမှာ တိုက်စစ်မှူး ၃ ဦး ရှိပေမယ့် လာကာဇက်က ရာသီအကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်သလို အူဘာမီယန်းဟာလည်း အသက် ၃၃ နှစ်ရှိတော့မှာဖြစ်ပါတယ်။
လူငယ်တိုက်စစ်မှူး အန်ကတ်တီယာကိုလည်း ရောင်းချဖို့ရှိနေတာပါ။ ဒီအခြေအနေတွေကြောင့် အဲဗာတန်က အင်္ဂလန်တိုက်စစ်မှူး ကယ်ဗက်လီဝင်ကို အာဆင်နယ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ Football London သတင်းမှာ ဖော်ပြပါတယ်။
အသက် ၂၄ နှစ်ရှိ တိုက်စစ်မှူးဟာ မနှစ်ကပြိုင်ပွဲစုံမှာ ၂၁ ဂိုးသွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်မှာ ထိပ်တန်းတိုက်စစ်မှူး တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
အာဆင်နယ်အသင်းဟာ အခုနှစ်နွေရာသီမှာ ပေါင်သန်း ၁၅ဝ ခန့်ငွေကြေးသုံးစွဲ ခဲ့ပြီး ဖြစ်ပေမယ့် တိုက်စစ်ပိုင်းကို အပြောင်းအလဲလုပ်ဖို့ ငွေကြေးထပ်မံသုံးစွဲသွားမယ်လို့ သိရပါတယ်။