close

ကယ်ဗင်ရမ်ဆေး

close

June 20, 2022

စကော့တလန်လူငယ်နောက်ခံလူ ကယ်ဗင်ရမ်ဆေးကို လီဗာပူးအသင်း ခေါ်ယူ

လီဗာပူးအသင်းဟာ စကော့တလန်လူငယ်နောက်ခံလူ ကယ်ဗင်ရမ်ဆေးကို ပေါင် ၆ သန်းခွဲနဲ့ ခေါ်ယူ စာချုပ်ခဲ့ပါတယ်။

အသက် ၁၈ နှစ်ပဲရှိသေးတဲ့ ညာနောက်ခံလူ ကယ်ဗင်ရမ်ဆေးဟာ ထွန်းတောက် လာမယ့် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး အာနိုးလ်ရဲ့ အရန်ကစားသမားအဖြစ်ထားရှိဖို့ လီဗာပူးက ခေါ်ယူခဲ့တာပါ။

၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ကနဦးပေါင် ၄ သန်းပေးချေရမှာဖြစ်ကာ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး လီဗာပူးက နောက်ထပ်ပေါင် ၂ သန်းခွဲပေးချေသွားရမှာဖြစ်ပါတယ်။

လီဗာပူးလိုအသင်းကြီးတသင်းဆီ ပြောင်းရွှေ့ခွင့်ရတာက အိပ်မက်တွေ အမှန်တကယ် ဖြစ်လာတာဖြစ်ပြီး ပွဲထွက်ကစားခွင့်ရရှိအောင် ကြိုးပမ်းသွားမယ်လို့ ကယ်ဗင်ရမ်ဆေးက ပြောပါတယ်။

ရမ်ဆေးဟာ စကော့တလန်ကလပ် အဘာဒင်းအသင်းအတွက် ၃၉ ပွဲကစားပေးခဲ့ပြီး စကော့တလန် ယူ ၂၁ လက်ရွေးစင်ဖြစ်ပါတယ်။

ရန်ဆေးဟာ ဖူဟမ်က ကာဗယ်ဟိုနဲ့  ဘင်ဖီကာက ဒါဝင်နူနက်ဇ်တို့ပြီးရင် လီဗာပူအသင်းရဲ့ တတိယမြောက် ကစားသမားခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။

58 seconds Ago
Up