အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းမှာ လောင်နေတဲ့ ခယ်ဒိုးတောမီးက သြဂုတ် ၂၉ ရက်မှာ လူနေ ပိုသိပ်သည်းတဲ့ ဧရိယာနဲ့ နီးကပ်လာနေလို့ လမ်းပိတ်ဖို့နဲ့ ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ အမိန့်တွေ သတိပေးချက်တွေ ထပ်ပြီး ထုတ်ပြန်ခဲ့ရတယ်လို့ ကယ်လီဖိုးနီးယား ပြည်နယ် သစ်တောနဲ့ မီးဘေးကာကွယ်ရေးဌာနက ပြောပါတယ်။
မီးလောင်နေတာ ၁၄ ရက်ကြာ ရှိနေပြီး သစ်တောဧက ၁၆၈,၀၀၀ ကျော် လောင်ကျွမ်းခဲ့တယ်လို့ ဌာနက ပြောပါတယ်။
တောမီးကြောင့် မြို့နယ်အတော်များများမှာ ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ အမိန့် ထုတ်ခဲ့ရတယ်လို့ ဌာနက ပြောပါတယ်။
တောမီးကို ၁၃ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ခဲ့ပြီး လူနေအိမ် ၃၉ လုံး၊ စီးပွားရေးနဲ့ တခြား အဆောက်အအုံ စုစုပေါင်း ၆၅၀ ကျော် ပျက်စီးပါတယ်။
မီးကြောင့် မီးသတ်သမားနဲ့ အရပ်သား ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဌာနရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်ဟာ နွေနှောင်းပိုင်းနဲ့ ဆောင်းဦးရာသီတွေမှာ တောမီး အလောင်ဆုံး အချိန်တွေ ဖြစ်ပေမဲ့ မနှစ်ကထက်စာရင် ဒီနှစ်မှာ တောမီးလောင်ခဲ့တဲ့ ပမာဏ ပိုများခဲ့တာကြောင့် မှတ်တမ်းတင်သမျှ အဆိုးဆုံးနှစ်အဖြစ် ၂၀၂၁ ခုနှစ်က စာရင်းဝင်သွားပါတယ်။