အဲဗာတန်တိုက်စစ်မှူး ကယ်လ်ဗက်လီဝင်ဟာ ဒဏ်ရာကြောင့် အင်္ဂလန်အသင်းလူစာရင်းကနေ နုတ် ထွက်သွားပေမယ့် နည်းပြဆောက်ဂိတ်ဟာ တိုက်စစ်မှူးသစ် ထပ်ခေါ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
လီဝင်ဟာ ဘရိုက်တန်နဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာရခဲ့တာကြောင့် လူစာရင်းကနေ နုတ်ထွက်လိုက်တာပါ။
အင်္ဂလန်နည်းပြဆောက် ဂိတ်ဟာ လီဝင်နေရာအတွက် ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ ယူနိုက်တက်က ဂရင်းဝုဒ်နဲ့ အက်စတွန်ဗီလာက ဒယ်နီအင့်စ်တို့ ရှိပေမယ့် ဘယ်သူ့ကိုမှ ထပ်မခေါ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
အက်စတွန်ဗီလာနောက်ခံလူ မင်စ်ဟာလည်း ဒဏ်ရာရရှိနေပေမယ့် အသင်းလူစာရင်းမှာပဲ ဆက်ရှိနေပြီး နောက်ခံလူသစ်ထပ်ခေါ်ဖို့ မရှိဘူးလို့ သိရပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းဟာ ယူရိုဗိုလ်လုပွဲအပြီးမှာ ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်းခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ကစားဖို့ရှိပါတယ်။
စက်တင်ဘာ ၃ ရက်မှာ ဟန်ဂေရီ၊ စက်တင်ဘာ ၅ ရက်မှာ အန်ဒိုရာနဲ့ စက်တင်ဘာ ၉ ရက်မှာ ပိုလန်အသင်းတွေနဲ့ ကစားသွားရမှာဖြစ်ပါတယ်။