close

ကရင်နီစစ်ရှောင်

close

April 16, 2023

ကရင်နီစစ်ရှောင်များအတွက် အစားအစာနှင့်သောက်သုံးရေ လှူဒါန်း (ဓာတ်ပုံ)

တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာရတဲ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်ပြည်သူ အယောက် ၂၅၀ ကို ကျေးလက်မြေအဖွဲ့နာယက ဦးဇော်မင်းထိုက်က ထမင်း၊ အသားဟင်း၊ သီးစုံချဉ်ဟင်း၊ ရိုးရာအထောင်းနဲ့  သောက်သုံးရေတို့ကို ဧပြီ ၁၅ ရက်က လှူဒါန်းခဲ့ပါတယ်။

3 hours Ago

April 1, 2023

၀မ်းရေးအတွက် သက်ငယ်(သက်ကယ်)ပျစ်ရင်း ဝင်ငွေရှာကြနေကြရတဲ့ ကရင်နီစစ်ရှောင်တွေ ( ဓာတ်ပုံ)

တိုက်ပွဲတွေနေ့စဉ်လိုလိုဖြစ်ပွားနေတဲ့ ကရင်နီဒေသက စစ်ရှောင်တိုင်းရင်းသားတွေဟာ ဝမ်းရေးအတွက် တဖက်တလမ်းက ဝင်ငွေရှာတဲ့အနေနဲ့  သက်ငယ်(သက်ကယ်)ပျစ်ရင်း စစ်ဘေးရှောင်ဘဝကို ခက်ခက်ခဲခဲနဲ့ ဖြတ်သန်းနေကြရပါတယ်။

သက်ငယ်ပျစ်ရာမှာ တချပ်ကို ကျပ် ၁၂၀၀ ပဲရပြီး သက်ငယ်ကုန်ကြမ်းတွေရဖို့ မိုင်ပေါင်း ၁၀ မိုင်ကျော်ဝေးတဲ့နေရာတွေကို ခက်ခက်ခဲခဲသွားရောက်ရှာဖွေ ရိတ်ယူကြရပါတယ်။

တစ်ရက်ကို သက်ငယ် ၁၀ ပျစ်လောက် ပြီးအောင်ရက်လုပ်နိုင်ပေမဲ့ မိသားစုကများလို့  ဝင်ငွေနဲ့ ထွက်ငွေမမျှဖြစ်နေကြရပါတယ်။

စစ်ဘေးရှောင်တွေဟာ ဆန်နဲ့ ဆီ ရိက္ခာတွေကို ချွေတာစားနေကြရပြီး ကွမ်းရွက်နဲ့ ကွမ်းသီးကလည်း ရိုးရာအစားအစာဖြစ်နေလို့ သူတို့ရဲ့လိုအပ်ချက်လေးတွေကို ကူညီနိုင်သူတွေ တိုက်ရိုက်အကူအညီပေးစေလိုတယ်လို့  စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကျေးလက်မြေအဖွဲ့ရဲ့ နာယက  ဦးဇော်မင်းထိုက်က ပြော ပါတယ်။

ကရင်နီဒေသမှာတိုက်ပွဲတွေဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့ခံထားရတာကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေလည်း အဆမတန်ကြီးမြင့်နေပြီး သောက်ရေသုံးရေကအစ ရှားပါးနေပြီး ဝယ်သုံးနေရတဲ့အတွက် အကူအညီပေးစေလိုတယ်လို့လည်း စစ်ဘေးရှောင် ကူညီပေးသူတွေက ပြောပါတယ်။

2 weeks Ago
Up