close

ကရင်နီတပ်

close

February 26, 2023

စစ်ကောင်စီတပ်ရိက္ခာပို့သည့် ရဟတ်ယာဥ် ၁ စီးကို ကရင်နီတပ်က ပစ်ခတ်

ထိုင်း-မြန်မာနယ်စပ် ကရင်နီ (ကယားပြည်နယ်) BP-12 အနီးက စစ်ကောင်စီတပ် စခန်းချ တပ်စွဲထားတဲ့ ဟွေခမောက်စခန်း (ပွိုင့်-၁၄၄၁) ကို ရိက္ခာပို့လာတဲ့ စစ်ရဟတ်ယာဥ်တစ်စင်း  ပစ်ခတ်ခဲ့တာကြောင့် နောက်ကြောင်းပြန်လှည့်သွားရတယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၃ နာရီလောက်မှာ ဟွေခမောက်စခန်းအတွက် ရိက္ခာပို့ ပျံသန်းလာတဲ့ ရဟတ်ယာဥ်တစ်စင်းကို ကရင်နီတပ်မတော် အမှတ်(၁)တပ်ရင်းက မြေပြင်ကနေ ပစ်ခတ်ခဲ့ရာ ဆက်မသွားနိုင်တော့ဘဲ နောက်ကြောင်းပြန်လှည့်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ ရဟတ်ယာဥ် ပြန်လှည့်သွားပြီးတော့ ညနေ ၄ နာရီကျော်လောက်မှာ စစ်ကောင်စီ ဂျက်လေယာဥ် ၂ စင်းနဲ့ ဟွေခမောက်တောင်ကုန်းဝန်းကျင်တဝိုက်ကို ပထမအကြိမ်ပတ်ခတ်ခဲ့ပြီး ညနေ ၄ နာရီ ခွဲမှာ စစ်ကောင်စီ ဂျက်လေယာဥ် ၂ စီးနဲ့ စုစုပေါင်း ၄ ကြိမ် လာရောက် ပစ်ခတ်ခဲ့ပြီး ကရင်နီ တပ်မတော်ဘက်က  ဒဏ်ရာရ၊ကျဆုံးမရှိဘူးလို့သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကလည်း ဖားဆောင်းမြို့ အခြေစိုက် ခလရ(၁၃၅) ကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကိုလည်း ကရင်နီတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ ဖြတ်တောက်တိုက်ခိုက်ခဲ့လို့ ယခုအကြိမ်မှာ ရဟတ်ယာဥ်နဲ့ ရိက္ခာပို့ဆောင်တာလို့ ကရင်နီဘက်က ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ ရှမ်း-ကယားနယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း  မိုးဗြဲ၊ ဖယ်ခုံ စတဲ့နေရာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေပါတယ်။

4 mins Ago

March 15, 2022

စစ်ကောင်စီလေတပ်က ကြဲချခဲ့သည့် မပေါက်ကွဲသေးသည့်ဗုံး ၁ လုံးကို ကရင်နီတပ်များ တူးဖော် (ဓာတ်ပုံ)

စစ်ကောင်စီတပ်တွေ လေယာဉ်နဲ့ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာမှာ  မပေါက်ကွဲဘဲ မြေကြီးထဲ စိုက်ဝင်နေတဲ့ ဗုံးကြီးတစ်လုံးကို ဒေသခံ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်တွေက  မတ်လ ၁၅ ရက် ဒီကနေ့ နေ့လယ်ပိုင်းမှာ တူးဖော် ဖယ်ရှားခဲ့ပါတယ်။ 

အဆိုပါ ဗုံးဟာ မတ်လ ၈ ရက်က စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုမှာ ပြည်သူလူထုကို ကြဲချခဲ့တဲ့ ဗုံးဖြစ်ပြီး တလုံးပေါက်ကွဲလို့ ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ကာ  တလုံးကတော့ မပေါက်ကွဲဘဲ ကျန်နေခဲ့တာဖြစ်ပါတယ်။

12 months Ago
Up