close

ကရင်နီဒီမိုကရက်တစ်တပ်ဦး

close

December 29, 2021

လွိုင်ကော် ခရိုင်ရဲတပ်ဖွဲ့ရုံး တိုက်ခိုက်ခံရ

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံးကို ဒီဇင်ဘာ ၂၉ ရက် ဒီကနေ့ မနက်စောပိုင်းက  ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့  ကရင်နီဒီမိုကရက်တစ်တပ်ဦး KDFက  ထုတ်ပြန်ပါတယ်။

ဒီနေ့မနက် ၃ နာရီကစပြီး ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF ၊ JPDF ၊ GZ-21 တို့ညီနောင် သုံးဖွဲ့ ပူပေါင်းပြီး လွိုင်ကော်အကျဥ်းဦးစီးဌာနအနီးရှိ ခရိုင်ရဲ ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုရှိနိုင်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ ထိခိုက်ဒဏ်ရာရမှုမရှိဘူးလို့  ထုတ်ပြန်ထားပါတယ်။

လွိုင်ကော်ဒေသခံတဦးကလည်း မနက် ၃ နာရီကျော်က ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းနဲ့ အသေအပျောက်ရှိတယ်လို့ ကြားသိရပေမယ့် အတိအကျ မသိသေးကြောင်း ဒီဗွီဘီကို ပြောပါတယ်။ 

လွိုင်ကော်ခရိုင်ရဲရုံး တိုက်ခိုက်ခံရတဲ့ သတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်း ထုတ်ပြန်တာမရှိသေးပါဘူး။ 

4 mins Ago
Up