close

ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့

close

August 9, 2022

ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့သို့ NUG သဝဏ်လွှာပို့၊ တော်လှန်ရေး အင်အားစုများနှင့် လက်တွဲသွားမည်ဟုဆို

သြဂုတ် ၉ ရက် ဒီကနေ့ကျရောက်တဲ့ ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သဝဏ်လွှာပေးပို့လိုက်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ ကရင်နီအမျိုးသားခုခံတော်လှန်ရေးအောင်ပွဲ အမြန်ဆုံးရရှိနိုင်ရေးအတွက် တော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဒီကနေ့ကတော့ သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ကို ကျူးကျော်လာတဲ့ စစ်အာဏာရှင်တွေကို ကရင်နီအမျိုးသားတွေက ရရာလက်နက်စွဲကိုင်ကာ ကရင်နီပြည် ပြန်လည်ထူထောင်ရေးအတွက် ခုခံတော်လှန်ခြင်း ၇၄ နှစ် ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ဘီစီ ၇၃၉ ခုနှစ်မှ စတင်ကာ ကိုယ့်မင်းကိုယ့်ချင်းနဲ့ သီးခြားလွတ်လပ်ပြီး ခိုင်မာတဲ့ သမိုင်းကြောင်းနဲ့ သွင်ပြင်လက္ခဏာတွေအပေါ် အခြေခံကာ မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ ကရင်နီပြည်ဟာ ၁၉၄၇ ခုနှစ်၊ စက်တင်ဘာ ၁၉  ရက်မှာ မကြာမီ လွတ်လပ်လာမယ့် မြန်မာပြည်ရဲ့ ပြည်နယ်တခုအဖြစ် ပူးပေါင်းပါဝင်သွားဖို့ လွတ်လပ်သော ကရင်နီပြည်ထောင်စုကောင်စီရဲ့ ဆန္ဒသဘောထား ဆုံးဖြတ်ချက်မပါဘဲ တချို့သော ကရင်နီခေါင်းဆောင်တွေက ဖဆပလခေါင်းဆောင်တွေနဲ့ ပူးပေါင်းဖို့အတွက် လက်မှတ်ရေးထိုးခဲ့တာကြောင့် ကရင်နီပြည်ဟာ မြန်မာပြည်အတွင်း ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှာ မြန်မာပြည် လွတ်လပ်ရေးရရှိပြီးနောက် ဖဆပလတပ်တွေက ကရင်နီပြည်ထောင်စုကောင်စီ ရုံးစိုက်ရာ မန်းလား (မြလဲ) ရွာကို ဩဂုတ် ၉ ရက်မှာ ဝင်ရောက်တိုက်ခိုက်လာခဲ့တာကြောင့် လွတ်လပ်တဲ့ ကရင်နီပြည် ပြန်လည်တည်ထောင်ရေးကို မျှော်မှန်းပြီးတော့ ကရင်နီခေါင်းဆောင်တွေဟာ မြန်မာပြည် ဖဆပလအစိုးရကို လက်နက်ကိုင် ခုခံတော်လှန်ရေးနဲ့ စတင်ဆင်နွှဲခဲ့ကြပြီး အဲဒီနေ့ကို ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပလာခဲ့ကြတာ ဖြစ်ပါတယ်။

ကရင်နီအမျိုးသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ခုခံတော်လှန်စစ် ဆင်နွှဲလာခဲ့တဲ့ နှစ်ပေါင်း ၇၄ နှစ်အတွင်း ကရင်နီအမျိုးသားခေါင်းဆောင်၊ တပ်ဗိုလ်၊ တပ်မှူး၊ တပ်သားနဲ့ ပြည်သူလူထုရဲ့ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတာကိုလည်း အမှတ်ရ လေးစားဦးညွှတ် အလေးပြုအပ်ကြောင်းလည်း NUG အစိုးရ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ခုလတ်တလောမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီက တိုင်းပြည်အာဏာကို မတရားသိမ်းပိုက်ဖို့ ကြိုးပမ်းတဲ့ နောက်ပိုင်းမှာ ကရင်နီပြည်သူလူထုဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ လူမဆန်တဲ့ ရက်စက်မှုတွေကို များစွာခံစားကြရပြီး အပြစ်မဲ့ ပြည်သူလူထုကို မတရား ဖမ်းဆီးသတ်ဖြတ်ကာ အိုးအိမ်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးမှုတွေဟာလည်း လက်ခံနိုင်ဖွယ်ရာမရှိတဲ့ အကြမ်းဖက်မှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ မတရား အာဏာသိမ်း အုပ်ချုပ်ဖို့ ကြိုးပမ်းမှုကို ကရင်နီတမျိုးသားလုံးနဲ့ ကရင်နီ တော်လှန်ရေးအင်အားစုတွေက လက်မခံဘဲ ဆန့်ကျင်တော်လှန်နေကြတာကို မြင်တွေ့ရတဲ့အတွက် များစွာ ဝမ်းမြောက်ဂုဏ်ယူရတယ်လို့ NUG က ပြောပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော် ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားတာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာ ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

6 mins Ago

August 9, 2019

၇၁ နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ ဒီမော့ဆိုမြို့နယ်တွင် ပြုလုပ်

ဒီကနေ့ သြဂုတ် ၉ ရက်နေ့ကျရောက်တဲ့ ၇၁ နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ အောက်မေ့ဖွယ် အခမ်းအနားကို ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် မြလဲ (ခ) မန်းလားကျေးရွာမှာ ကျင်းပြုလုပ်ပါတယ်။ ဒီအခမ်းအနားမှာ ကရင်နီအမျိုးသားအလံတော်ကို အလေးပြုတာတွေ၊ ကျဆုံးသွားတဲ့ အာဇာနည်အမျိုးသား ခေါင်းဆောင်ကြီးတွေကို အလေးပြုတာတွေနဲ့ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းတွေကို ဟောပြောခဲ့ပါတယ်။ ဒါ့အပြင် ကရင်နီ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ဖိတ်ကြားထားတဲ့ မဟာမိတ်အဖွဲ့အစည်းတွေက သဝဏ်လွှာတွေကို ဖတ်ကြားတာတွေနဲ့ တော်လှန်ရေးကာလတွင်း ကျဆုံးသွားသူတွေကို ဂုဏ်ပြုတာတွေ ပြုလုပ်ခဲ့ပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) အနေနဲ့ ကရင်နီအမျိုးသားတို့ရဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေကို စစ်မှန်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းကနေဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ အရေးဆို ဆောက်ရွက်နိုင်ရေး ကြိုးစားနေပေမယ့် တရားမျှတမှုကို အခြေခံတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ များစွာ အလှမ်းနေဝဆဲဖြစ်တယ်လို့ ဒီကနေ့ ကျရောက်တဲ့ ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့မှာ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။ ဒါ့အပြင် ကေအန်ပီပီအနေနဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလမ်းကြောင်းကနေတဆင့် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး နိုင်ငံရေးဆွေးနွေးမှုတွေကို ကြိုးပမ်းတည်ဆောက်တဲ့နေရာမှာ အောင်မြင်မှုရရှိဖို့ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ပြည်စေုအစိုးရ၊ တပ်မတော်နဲ့ ပြည်နယ်အစိုးရတို့ရဲ့ သဘောထားကြီးမှု၊ တန်းတူရည်တူ အသိအမှတ်ပြုမှုနဲ့ အပြန်အလှန် လေးစားမှုတို့ဟာ လွန်စွာအရေးကြီးကြောင်း ဖော်ပြပါတယ်။ လက်ရှိအချိန်မှာ ပြည်ထောင်စုအစိုးရက ကမကထပြု ဖော်ဆောင်နေတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ဆောလျင်စွာ ပါဝင်လက်မှတ်ရေးထိုးဖို့ ကေအန်ပီပီကို ကမ်းလှမ်းတိုက်တွန်းထားပါတယ်။ အစိုးရ၊ တပ်မတော်အနေနဲ့ ဒီကမ်းလှမ်းမှုနဲ့အတူ တဖက်မှာ လက်မှတ်ရေးထိုးနိုင်တဲ့ နိုင်ငံရေးအခြေအနေ အခင်းအကျင်းတွေကို ချမှတ်ဆောင်ရွက်ပေးဖို့နဲ့ ကရင်နီပြည်နယ်အတွင်း ဖြစ်နေတဲ့ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းဖို့ လိုအပ်ကြောင်းလည်း တိုက်တွန်းတောင်းဆိုထားပါတယ်။ ကရင်နီသမိုင်းမှတ်တမ်းတွေအရ ၁၉၄၈ သြဂုတ် ၉ ရက်နေ့ မနက် ၄ နာရီအချိန်မှာ ဖဆပလ အစိုးရတပ်တွေက သီးခြားလွတ်လပ်သော ကရင်နီပြည်ထောင်စုကောင်စီရုံးစိုက်ရာ မြလဲကျေးရွာကို ဝင်ရောက်တိုက်ခိုက်တဲ့အတွက် ခုလို ကရင်နီအမျိုးသားတွေရဲ့ ခုခံတော်လှန်ရေးနေ့ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ၇၁ ႏွစ္ေျမာက္ ကရင္နီအမ်ိဳးသားခုခံေတာ္လွန္ေရးေန႔ ဒီေမာ့ဆိုၿမိဳ႕နယ္တြင္ ျပဳလုပ္ DVB ဒီကေန႔ ၾသဂုတ္ ၉ ရက္ေန႔က်ေရာက္တဲ့ ၇၁ ႏွစ္ေျမာက္ ကရင္နီအမ်ိဳးသား ခုခံေတာ္လွန္ေရးေန႔ ေအာက္ေမ့ဖြယ္ အခမ္းအနားကို ကယားျပည္နယ္ ဒီေမာ့ဆိုၿမိဳ႕နယ္ ျမလဲ (ခ) မန္းလားေက်း႐ြာမွာ က်င္းျပဳလုပ္ပါတယ္။ ဒီအခမ္းအနားမွာ ကရင္နီအမ်ိဳးသားအလံေတာ္ကို အေလးျပဳတာေတြ၊ က်ဆုံးသြားတဲ့ အာဇာနည္အမ်ိဳးသား ေခါင္းေဆာင္ႀကီးေတြကို အေလးျပဳတာေတြနဲ႔ ကရင္နီအမ်ိဳးသား ခုခံေတာ္လွန္ေရးေန႔ ျဖစ္ေပၚလာပုံအေၾကာင္းေတြကို ေဟာေျပာခဲ့ပါတယ္။ ဒါ့အျပင္ ကရင္နီ လက္နက္ကိုင္အဖြဲ႕အစည္းေတြ၊ လူထုအေျချပဳအဖြဲ႕အစည္းေတြနဲ႔ ဖိတ္ၾကားထားတဲ့ မဟာမိတ္အဖြဲ႕အစည္းေတြက သဝဏ္လႊာေတြကို ဖတ္ၾကားတာေတြနဲ႔ ေတာ္လွန္ေရးကာလတြင္း က်ဆုံးသြားသူေတြကို ဂုဏ္ျပဳတာေတြ ျပဳလုပ္ခဲ့ပါတယ္။ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (ေကအန္ပီပီ) အေနနဲ႔ ကရင္နီအမ်ိဳးသားတို႔ရဲ႕ ႏိုင္ငံေရးဆိုင္ရာ အခြင့္အေရးေတြကို စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးတည္ေဆာက္ျခင္းကေနဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲေတြနဲ႔ အေရးဆို ေဆာက္႐ြက္ႏိုင္ေရး ႀကိဳးစားေနေပမယ့္ တရားမွ်တမႈကို အေျခခံတဲ့ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရး ရဖို႔ မ်ားစြာ အလွမ္းေနဝဆဲျဖစ္တယ္လို႔ ဒီကေန႔ က်ေရာက္တဲ့ ကရင္နီအမ်ိဳးသားခုခံေတာ္လွန္ေရးေန႔မွာ ေပးပို႔တဲ့ သဝဏ္လႊာမွာ ေဖာ္ျပပါတယ္။ ဒါ့အျပင္ ေကအန္ပီပီအေနနဲ႔ တႏိုင္ငံလုံး အပစ္အခတ္ ရပ္စဲေရးလမ္းေၾကာင္းကေနတဆင့္ ၿငိမ္းခ်မ္းမႈ ထိန္းသိမ္းေရး ႏိုင္ငံေရးေဆြးေႏြးမႈေတြကို ႀကိဳးပမ္းတည္ေဆာက္တဲ့ေနရာမွာ ေအာင္ျမင္မႈရရွိဖို႔ ျပည္သူလူထုရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈ၊ ျပည္ေစုအစိုးရ၊ တပ္မေတာ္နဲ႔ ျပည္နယ္အစိုးရတို႔ရဲ႕ သေဘာထားႀကီးမႈ၊ တန္းတူရည္တူ အသိအမွတ္ျပဳမႈနဲ႔ အျပန္အလွန္ ေလးစားမႈတို႔ဟာ လြန္စြာအေရးႀကီးေၾကာင္း ေဖာ္ျပပါတယ္။ လက္ရွိအခ်ိန္မွာ ျပည္ေထာင္စုအစိုးရက ကမကထျပဳ ေဖာ္ေဆာင္ေနတဲ့ တႏိုင္ငံလုံး အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္မွာ ေဆာလ်င္စြာ ပါဝင္လက္မွတ္ေရးထိုးဖို႔ ေကအန္ပီပီကို ကမ္းလွမ္းတိုက္တြန္းထားပါတယ္။ အစိုးရ၊ တပ္မေတာ္အေနနဲ႔ ဒီကမ္းလွမ္းမႈနဲ႔အတူ တဖက္မွာ လက္မွတ္ေရးထိုးႏိုင္တဲ့ ႏိုင္ငံေရးအေျခအေန အခင္းအက်င္းေတြကို ခ်မွတ္ေဆာင္႐ြက္ေပးဖို႔နဲ႔ ကရင္နီျပည္နယ္အတြင္း ျဖစ္ေနတဲ့ ျပႆနာေတြကို ေျပလည္ေအာင္ ေျဖရွင္းဖို႔ လိုအပ္ေၾကာင္းလည္း တိုက္တြန္းေတာင္းဆိုထားပါတယ္။ ကရင္နီသမိုင္းမွတ္တမ္းေတြအရ ၁၉၄၈ ၾသဂုတ္ ၉ ရက္ေန႔ မနက္ ၄ နာရီအခ်ိန္မွာ ဖဆပလ အစိုးရတပ္ေတြက သီးျခားလြတ္လပ္ေသာ ကရင္နီျပည္ေထာင္စုေကာင္စီ႐ုံးစိုက္ရာ ျမလဲေက်း႐ြာကို ဝင္ေရာက္တိုက္ခိုက္တဲ့အတြက္ ခုလို ကရင္နီအမ်ိဳးသားေတြရဲ႕ ခုခံေတာ္လွန္ေရးေန႔ ေပၚေပါက္လာတာ ျဖစ္ပါတယ္။
3 years Ago
Up