close

ကရင်မလင်

close

October 8, 2021

ရုရှားသတင်းစာအယ်ဒီတာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရသည့်အပေါ် ကရင်မလင်နန်းတော်ချီးကျူး

ရုရှားအယ်ဒီတာနဲ့သတင်းစာဆရာ ဒီမစ်ထရီမူရာတော့ဗ်ဟာသူ့ရဲ့ Novaya Gazeta သတင်းစာကနေ ရုရှားအာဏာပိုင်တွေကို မကြာခဏဝေဖန်ခဲ့ပေမဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိခဲ့လို့  ရုရှားသမ္မတရုံးစိုက်ရာ  ကရင်မလင်နန်းတော်က သူ့ကို ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။ 

နိုဘယ်လ်ဆု ရရှိသွားတဲ့ ဒီမစ်ထရီမူရာတော့ဗ်ကိုချီးကျူးဂုဏ်ပြုပါကြောင်း၊ သူက သူ့ကိုယ်ပိုင်စံနှုန်းတွေနဲ့အညီ အမြဲတစေ တစိုက်မတ်မတ် လုပ်ဆောင်ကြောင်း၊ သူ့စံနှုန်းတွေကို အလေးထားတတ်ပြီး၊ အရည်အချင်းရှိ ရဲရင့်သူလည်းဖြစ်လို့ ချီးကျူးပါကြောင်းနဲ့ အခုလို ဂုဏ်သိက္ခာမြင့်မားသွားတာကိုလည်း ဂုဏ်ယူပါတယ်လို့ ကရင်မလင်နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်က ပြောပါတယ်။ 

ဒီနှစ်မှာ လွတ်လပ်စွာပြောဆိုခွင့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ရုရှားနဲ့ ဖိလစ်ပိုင် ဂျာနယ်လစ် ၂ ယောက်ကို ဆုပေးဖို့ ရွေးချယ်လိုက်ကြောင်း  နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီက ဒီကနေ့ ကြေညာခဲ့တာပါ။

ဆုချီးမြှင့်ခံရတဲ့ ဂျာနယ်လစ်နှစ်ယောက်ထဲက တယောက်ဖြစ်တဲ့ ရုရှားဂျာနယ်လစ် မူရာတော့ဗ်က လွတ်လပ်စွာပြောဆိုခွင့်ဟာ တကမ္ဘာလုံးမှာ ခြိမ်းခြောက်မှုခံနေရဆဲလို့ ပြောပါတယ်။

6 mins Ago
Up