close

ကရင်ရိုးရာ

close

August 7, 2022

ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူမင်္ဂလာဖွဲ့ပွဲ မဲဆောက်တွင်ကျင်းပ (ဓာတ်ပုံ)

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ ၊ မယ်ပရပ်ကွက်မှာ ဩဂုတ် ၇ ရက်က ကရင်တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ဖြစ်တဲ့  ဝါခေါင်လ ချည်ဖြူမင်္ဂလာဖွဲ့ပွဲကို ကျင်းပရာမှာ ထောင်နဲ့ ချီတဲ့ ကရင်တိုင်းရင်းသားတွေ တက်ရောက်ဆင်နွှဲခဲ့ကြပါတယ်။  

11 mins Ago

February 8, 2020

ကရင်ရိုးရာမီးပုံပွဲ ကျုံဒိုးမြို့တွင် ကျင်းပ (ဓာတ်ပုံ)

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ အမှတ် ၁ ရပ်ကွက်မှာ ၁၉၄ ကြိမ်မြောက် ကရင်ရိုးရာ နယ်လုံးကျွတ်မီးပုံပွဲကြီးကို ကျင်းပခဲ့ပြီး လူသိန်းချီ လာရောက်ခဲ့တယ်လို့ သိရပါတယ်။ တပို့တွဲလပြည့်နေ့မနက် အရုဏ်တက်မှာ မီးပူဇော်တာနဲ့ သံဃာတော်တွေထံမှာ ငါးပါးသီလခံယူခဲ့ကြပါတယ်။ ကရင်ရိုးရာ နယ်လုံးကျွတ်မီးပုံပွဲကြီးမှာ ရိုးရာအယူရှိသူတွေက စိုက်ပျိုးရေး၊ စီးပွားရေးကောင်းမွန်လာရေးနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဆုတောင်းတာတွေ ပြုလုပ်ကြတယ်လို့ သိရပါတယ်။ ကရင်ရိုးရာ နယ်လုံးကျွတ်မီးပုံပွဲကြီးကို ကျုံဒိုးမြို့မှာ ပင်တိုင်ပြုလုပ်ပြီး မြဝတီခရိုင် ကွင်း ကလေးရွာနဲ့ ဘားအံမြို့ တောင်ကလေးရွာမှာလည်း ကရင်ရိုးရာမီးပုံပွဲ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
2 years Ago
Up