close

ကရာဘောင်ဖလား

close

January 15, 2023

ပရီးမီးယားလိဂ်နှင့် ကရာဘောင်ဖလားတွေရပြီးသားဖြစ်၍ ပြဿနာမရှိကြောင်း ဂွါဒီယိုလာပြော

၂ ပွဲဆက်တိုက်ရှုံးပွဲတွေ့ခဲ့ပေမယ့် ပရီးမီးယားလိဂ်နဲ့ ကရာဘောင်ဖလားတွေရယူနိုင်ခဲ့ပြီးသားမလို့ ပြဿနာမရှိကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာက ပြောပါတယ်။

မန်စီးတီးဟာ ကရာဘောင်ဖလား ကွာတားဖိုင်နယ်မှာ ဆောက်သမ်တန်ကို ၂ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ရသလို မန်ယူနဲ့ လိဂ်ပွဲစဉ်မှာလည်း ၂ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ရတာပါ။

ဒါပေမဲ့အဲဒီပြိုင်ပွဲနှစ်ရပ်မှာ ဆုဖလားတွေအများကြီး ရယူနိုင်ခဲ့ပြီးဖြစ်လို့ ပြဿနာမရှိကြောင်း နည်းပြဂွါဒီယိုလာက ပြောခဲ့တာပါ။

မန်ယူနဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ အနိုင်ရဖို့ ကြိုးစားခဲ့ပေမယ့် ဘောလုံးမှာ ဘာမဆို ဖြစ်နိုင်ကြောင်း၊ မန်ယူအသင်းက နိုင်ပွဲနဲ့ ထိုက်တန်ကြောင်း နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။

4 mins Ago
Up