close

ကလော့ပ်နှင့် အာတီတာ

close

February 27, 2023

ကလော့ပ်နှင့် အာတီတာတို့ကို အချိန်ပေးခဲ့သဖြင့် အောင်မြင်မှုရခဲ့ဟု ချဲလ်ဆီးနည်းပြပေါ်တာ နှိုင်းယှဉ်ပြော

လီဗာပူးနဲ့ အာဆင်နယ်အသင်းတို့ဟာ သူတို့ရဲ့နည်းပြတွေကို အချိန်ပေးခဲ့လို့ အောင်မြင်မှုတွေရရှိခဲ့ ကြကြောင်း ချဲလ်ဆီးနည်းပြဂရေဟမ်ပေါ်တာက ပြောပါတယ်။

နည်းပြဂရေဟမ်ပေါ်တာဟာ မနေ့ညတုန်းက ကစားခဲ့တဲ့ စပါးအသင်းနဲ့ ပွဲစဉ်မှာလည်း ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အနာဂတ်မတည်မငြိမ် ဖြစ်လာခဲ့ပါတယ်။

ရှုံးပွဲအပေါ်မှာ တာဝန်ယူကြောင်း နည်းပြပေါ်တာက ပြောခဲ့ပေမယ့် လီဗာပူးနည်းပြ ယာဂန်ကလော့ပ်နဲ့ အာဆင်နယ်နည်းပြ အာတီတာတို့ကို သက်ဆိုင်ရာအသင်းတွေက အချိန်ပေးခဲ့ ကြတာကိုလည်း သာဓကပြပြီး ပြောခဲ့တာပါ။

စပါးနဲ့ ပွဲမတိုင်ခင်မှာ All or Nothing ဆိုတဲ့ အာဆင်နယ်အသင်းရဲ့ မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုခဲ့ကြောင်း၊ နည်းပြအာတေတာဟာ အသင်းကနေ ထုတ်ပယ်ခံရဖို့ အလွန်နီးစပ်ခဲ့ပေမဲ့ အချိန်တစ်ခုပေးခဲ့တာကြောင့် လက်ရှိအချိန်မှာ ရလဒ်ကောင်း မွန်တဲ့အသင်းဖြစ်လာကြောင်း နည်းပြပေါ်တာက ပြောပါတယ်။

အလားတူ လီဗာပူးအသင်းကို ယာဂန်ကလော့ပ်စတင်ရောက်ရှိချိန်ကလည်း ရလဒ်တွေ ဆိုးရွားခဲ့ကြောင်း ပေါ်တာက ပြောသွားပါတယ်။ 

47 mins Ago
Up