close

ကလေးငယ် ၃၄ ကိုဗစ်ပိုးတွေ့

close

July 9, 2021

ကလေးမြို့ အေးရိပ်မွန်မိဘမဲ့ဂေဟာတွင် ကလေးငယ် ၃၄ ဦး ကိုဗစ်ပိုးတွေ့

စစ်ကိုင်းတိုင်း ကလေးမြို့မှာ အေးရိပ်မွန်မိဘမဲ့ဂေဟာ ကလေးငယ်တွေ ၃၄ ယောက် ကိုဗစ-၁၉ ကူးစက်ခံထားရတယ်လို့ ပရဟိတလုပ်ကိုင်နေသူတဦးက ပြောပါတယ်။

“မနေ့က စစ်ဆေးတယ်၊ ကလေးတစ်ယောက် စဖျားတယ်၊ ဆေးခန်းတွေပြသွားတယ်။ အဲဒါ နဲ့ RDT test kits စစ်ဆေးတယ်၊ ကိုဗစ်ပိုးတွေ့ခဲ့တယ်။ အဲဒီကလေးတွေ့တော့ ကျန်တဲ့ ကလေးတွေ အကုန်စစ်ဆေးတယ် ၃၄ ယောက် ကိုဗစ်ပိုးတွေ့တယ်။ အဲဒီမှာ ၄၁ ယောက်ရှိတယ်။ ၇ ယောက်ကတော့ ပိုးမတွေ့ဘူး။ အဲဒီမှာ ကုသတယ်၊ အဆောင်က ၂ ထပ်ရှိတာဆိုတော့ အေးရိပ်မွန်မှာထား ကုသနေတယ်။ ကျနော်တို့က အပြင်ကနေ လိုတာလုပ်ပေးနေတယ်” လို့ ပရဟိတလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

ကလေးမြို့မှာ ဇူလှိုင် ၉ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်ပိုးတွေ့လူနာ ၁၇၁၀ ဦး၊ သေဆုံးသူ ၆၆ ဦးနဲ့ ရောဂါသက်သာလို့ ဆေးရုံကဆင်းသူ ၁၀၇၀ ဦးရှိတယ်လို့ ကလေးမြို့ပြည်သူဆေးရုံစာရင်းအရ သိရပါတယ်။

ကိုဗစ်ပိုးတွေ့လူနာတွေထဲမှာ ဌာနပေါင်းစုံက ဝန်ထမ်းစုစုပေါင်း ၃၀၄ ဦး ကူးစက်ခံထားရတယ်လို့ ပရဟိတလုပ်ကိုင်သူက ပြောပါတယ်။

5 mins Ago
Up