close

ကလေးဒေသခံ

close

March 12, 2023

ကလေးဒေသခံတဦး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ သာယာဝတီကျေးရွာသား ကိုအောင်မင်းကို  မြို့နယ်တရားရုံးက အကြမ်းဖက်မှုဥပဒေပုဒ်မ  ၅၂ (က) အရ အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကိုအောင်မင်းကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထောင်ဒဏ်ပေးခဲ့တာဖြစ်ပြီး  တရားခံအောင်မင်းဟာ PDF သင်တန်းတက်ရောက်ခဲ့ပြီး အကြမ်းဖက်လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာကြောင့်  ထောင်ဒဏ် ချမှတ်ခဲ့တာလို့ စစ်ကောင်စီက ဆိုပါတယ်။

မိသားစုဝင်နဲ့နီးစပ်သူတွေကတော့ ကိုအောင်မင်းဟာ PDF တပ်ဖွဲ့ဝင် တဦး မဟုတ်ဘဲ ဆောက်လုပ်ရေး သံချည်သံကွေးလုပ်သား ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုအောင်မင်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ကလေးမြို့ထဲ ဈေးဝယ်သွားစဉ် မြို့သာရပ်ကွက် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

5 days Ago

February 7, 2023

စစ်ကောင်စီက ကလေးဒေသခံ အမျိုးသမီး ၁ ဦးကို ထောင် ၂ နှစ်ချ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မင်္ဂလာဉယျာဉ်ရပ်ကွက်မှာနေထိုင်တဲ့ မဆုလတ်တင်ကို စစ်ကောင်စီလက်အောက်ခံ မြို့နယ်တရားရုံးက ‌ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်တဲ့သူတွေထံက သိရပါတယ်။

ဖေဖော်ဝါရီ ၃ ရက်က ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီက မဆုလတ်တင်ဟာ ဆူပူဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီး မြို့သူမြို့သားတွေကို CDM ပြုလုပ်ဖို့ စည်းရုံးသိမ်းသွင်းရာမှာ ပါဝင်ခဲ့တာကြောင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

မဆုလတ်တင် ထောင်ဒဏ်ချမှတ်ခံရတာနဲ့ပတ်သက်ပြီး မိသားစုဝင်နဲ့ နီးစပ်တဲ့သူတဦးက သူမကို စစ်ကောင်စီက ဖမ်းဆီးပြီး ၂ လအကြာမှာ မဟုတ်မတရား စွပ်စွဲပြီး ထောင်ချတာလို့ ပြောပါတယ်။

မဆုလတ်တင်ဟာ မနှစ် ဒီဇင်ဘာ ၁၄ ရက်က ကလေးမြို့ မြို့သာရပ်ကွက်မှာ စစ်ကောင်စီက လမ်းသွားလမ်းလာတွေကို ရှောင်တခင်စစ်ဆေးနေစဉ် လူမှုကွန်ရက်ပေါ် အများပြည်သူ ထိတ်လန့်ကြောက်ရွံ့စေဖို့ မဟုတ်မမှန် သတင်းရေးသားတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ကလေးမြို့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူ ဒေသခံ ၁,၀၀၀ ဝန်းကျင်ရှိတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း စစ်ကောင်စီရဲ့ ဖမ်းဆီးချုပ်‌နှောင်ခံရသူ ၁၃,၈၂၉ ဦးအနက် ထောင်ဒဏ်ချမှတ်ခံထားရသူ ၂,၃၁၇ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းပြုစုချက်အရ သိရပါတယ်။

1 month Ago
Up