close

ကလေးမီးဖွား

close

May 12, 2022

ပုသိမ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူတဦး ကလေးမီးဖွား

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ အကျဉ်းထောင်မှာ စစ်ကောင်စီ မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသူ ၁ ဦး  မေ ၁ ရက်က သမီးမိန်းကလေး မွေးဖွားခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“သူ့ယောကျ်ားနဲ့အတူ အဖမ်းခံရတာ၊ ၂ ယောက်လုံးက ပုသိမ်ထောင်မှာပဲ၊ စရောက်တည်းက ကိုယ်ဝန်ပါလာတာ၊ ကလေးရော အမေရော ကျန်းမာပါတယ်။”

အမျိုးသားဖြစ်သူနဲ့အတူ စက်တင်ဘာလက စစ်ကောင်စီရဲ့ ဖမ်းဆီးတာ ခံခဲ့ရတဲ့ ကန်ကြီးထောင့်မြို့နယ်‌ နေထိုင်သူ မထက်ထက်ဟာ ဖမ်းဆီးခံရပြီး ၈ လအကြာမှာ အကျဉ်းထောင်ထဲ ကလေးမွေးဖွားခဲ့တာလို့ အကျဉ်းထောင်အသိုင်းအဝိုင်းက သိရပါတယ်။

အကျဉ်းထောင်မှာ ကလေးမီးဖွားခဲ့တဲ့ မထက်ထက်နဲ့ အမျိုးသားကို စစ်ကောင်စီက PDF တပ်ဖွဲ့တွေနဲ့ အဆက်သွယ်ရှိတယ်ဆိုပြီး မထက်ထက်ကို အကြမ်းဖက်ပုဒ်မ ၅၀ (ည) နဲ့ တရားစွဲထားပြီး အမျိုးသားကို ၅၀ (ည) အပြင် ၅၂ (က) နဲ့ပါ တရားစွဲထားတာလို့ ဆိုပါတယ်။

ပုသိမ်ခရိုင်ထဲက မြို့နယ်တွေက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းမိတဲ့အခါ စစ်ကောင်စီက ပုသိမ်အကျဉ်းထောင် ပို့လေ့ရှိပြီး လက်ရှိအချိန်ထိ ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂၇၀ ကျော်နဲ့ အကျဉ်းသူ ၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။

27 mins Ago

April 26, 2020

COVID-19 လူနာ ကိုယ်ဝန်ဆောင်အမျိုးသမီး ကလေးမီးဖွား

ဘယ်လ်ဂျီယမ်နိုင်ငံမှာ COVID-19 ကူးစက်ခံထားရသူ မိခင်ကနေ ကလေးတဦးကို အောင်မြင်စွာ ဗိုက်ခွဲမွေးဖွားပေးနိုင်ခဲ့ပြီး  ကလေးဟာ ကျန်းမာတယ်လို့ သိရပါတယ်။  ကလေးကို ဧပြီ ၂၃ မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကလေးမှာ COVID-19 နဲ့ ဆက်စပ်တဲ့ လက္ခဏာတွေ မရှိဘူးလို့ ဆိုပါတယ်။  ဆရာဝန်တွေက ခွဲစိတ်မှု အောင်မြင်ပြီး နှစ်မိနစ်အကြာမှာ ကလေးနဲ့ မိခင်ကို ခွဲထားခဲ့ပါတယ်။  မိခင်ဖြစ်တဲ့ အာမန်ဒိုင်းဟာ ကလေး နှစ်ယောက်မိခင်လည်း ဖြစ်ပါတယ်။  ဆရာဝန်တွေကတော့ မွေးကင်းစကလေးကို ဗိုင်းရပ်စ် ကူးစက်ခံ ရမှု ရှိ၊ မရှိ နောက်ပိုင်းမှာ စစ်ဆေးမယ်လို့ ဆိုပါတယ်။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ မိခင်တွေအနေနဲ့ တကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပြီး ကိုယ့်မွေးကင်းစကလေးကို ပုံမှန်အတိုင်း နို့တိုက်ပြုစုသင့်တယ်လို့ ထုတ်ပြန်ထားပါတယ်။  ဆေးသုတေသနဂျာနယ် လန့်ဆက်မှာ ဖော်ပြခဲ့တဲ့ သုတေသနတခုမှာလည်း တရုတ်ပြည်မှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကနေ မီးဖွားလိုက်တဲ့ကလေးကို ကူးစက်တဲ့ အထောက်အထား မတွေ့ရဘူးလို့ ရိုက်တာသတင်းက ဧပြီ ၂၆ ရက်မှာ ရေးသားထားပါတယ်။
2 years Ago
Up