close

ကလေးများနေ့

close

June 12, 2022

စစ်ဘေးဒဏ်သင့်ကလေးငယ်များအတွက် ဒီးမော့ဆိုတွင် ကလေးများနေ့အခမ်းအနား ကျင်းပ (ဓာတ်ပုံ)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ဘေးစစ်ဒဏ်ခံစားနေကြရတဲ့ ကလေးငယ်တွေအတွက်  ဇွန် ၁၂ ရက်ဒီကနေ့ ကလေးများနေ့ အခမ်းအနားကျင်းပပေးခဲ့ပါတယ်။

ကလေးသူငယ်တွေကို လေးစားတန်ဖိုးထားတဲ့အနေနဲ့ရော မောပန်းနေတဲ့သူတို့ရဲ့စိတ်တွေကို ခွန်အားအသစ်တွေနဲ့ ပြန်လည်နိုးထစေဖို့ ရည်ရွယ်ပြီး ကလေးများနေ့ကို အမှတ်တရအနေနဲ့ ကျင်းပတာ ဖြစ်ပါတယ်။

ကလေးငယ် ၂၀၀ ကျော်အတွက် ကျေးလက်မြေအဖွဲ့က အမဲသားဆန်ပြုတ်ကျွေးပြီး တခြားအလှုရှင်တွေကလည်း ကွေကာအုပ်၊ မုန့်နဲ့ စာအုပ်တွေကို ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။

9 hours Ago
Up