close

ကလေးမြို့ဆေးရုံ

close

November 4, 2021

ကလေးမြို့ဆေးရုံကို စစ်ကောင်စီတပ်သား ရုပ်အလောင်း ၄၇ လောင်း ရောက်ရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ နိုဝင်ဘာ ၃ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ကလေးPDFတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က အလောင်း ၄၇  လောင်း ကလေးမြို့ဆေးရုံကိုရောက်ရှိလာတယ်လို့  ကလေးPDF က ထုတ်ပြန်လိုက်ပါတယ်။

မနေ့ မနက် ၇ နာရီလောက်ကစပြီး PDF(Kalay)၊ CNDFနဲ့ ပ.က.ဖ ပူးပေါင်းအဖွဲ့တွေက ပန်းမွန်ချောင်းအနီး ကျောက်ခွဲစက်မှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်ကို စစ်ကြောင်း နှစ်ကြောင်း ခွဲပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကလေးမြို့ဘက်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို စည်သာရွာနဲ့ နတ်မြောင်းရွာ ကြားမှာ နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့သလို ထပ်မံပြီးစစ်ကြောင်းချီတက်လာတဲ့ စစ်ကောင်စီတပ်ကို နတ်မြောင်းရွာအနီးမှာ လက်နက်ကြီး လက်နက်ငယ်တွေအသုံးပြုပြီး ပိတ်ဆို့ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲမှာ ပြည်သူတော်လှန်ရေးအဖွဲ့ ပ.က.ဖ ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့လည်း ကလေးPDF ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က နတ်မြောင်းရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ တဲ့အတွက် ပြည်သူ ၁ ယောက်သေဆုံးပြီး  ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကာ နေအိမ် ၃ လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

7 mins Ago

February 10, 2020

ကလေးမြို့ဆေးရုံတာဝန်ရှိသူများကို ကျောင်းသားများ ဆန္ဒပြ

ကလေးမြို့မှာ နည်းပညာတက္ကသိုလ် ကျောင်းသား တာန်ဒါလ်မွန်းမာန် သေဆုံးသွားတာနဲ့ ပတ်သက်ပြီး ကလေးမြို့ဆေးရုံတာဝန်ရှိသူတွေကို ကလေးတက္ကသိုလ်ပေါင်းစုံ ကျောင်းသား ၂၀၀၀ လောက်က ဒီနေ့မနက် ဆန္ဒပြကြပါတယ်။  ကလေးနည်းပညာတက္ကသိုလ် စက်မှုစွမ်းအင် ပဉ္စမနှစ်ကျောင်းသား တာန်ဒါလ်မွန်းမာန်ဟာ ဆိုင်ကယ်မတော်တဆဖြစ်ပြီး ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ အရေးပေါ်လူနာအဖြစ် ကလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးမှာ ရောက်ရှိလာပြီး ၂၀၂၀ ဇန်နဝါရီ ၂၇ ရက်က ရုတ်တရက်ကွယ်လွန်သွားခဲ့တာပါ။ လူနာရဲ့ ရောဂါအခြေအနေ စိုးရိမ်ရတာကို  သိပါလျက်နဲ့ သမားတို့ ခံယူကျင့်သုံးရမယ့် ကျင့်ဝတ်နဲ့ လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့စွာနဲ့ တာဝန်ခံအာမခံမယ့် လူနာရှင် မရှိဆိုတဲ့ အကြောင်းပြချက်နဲ့ ဆေးရုံတာဝန်ရှိသူတို့က  တစ်ညလုံးပစ်ပယ်ထားမှုကြောင့် ကျောင်းသား တာန်ဒါလ်မွန်းမာန် သေဆုံးခဲ့တာလို့ ကလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ က ပြောပါတယ်။  ဆန္ဒပြကျောင်းသားတွေဟာ ကလေးမြို့ ဆိပ်ကမ်းသာလမ်းကနေ ပင်လုံလမ်းနဲ့ ဗိုလ်ချုပ်လမ်းတွေကို လှည့်လည်ပြီး ပြည်သူ့ဆေးရုံတိုင်း လူနာတွေကို ပြည့်ဝစွာ ကုသခွင့် ရရှိရေး၊ အကျင့်ပျက်ဝန်ထမ်းတွေကို ထိထိရောက်ရောက်အရေးယူပေးရေး၊ ပြည်သူ့ဆေးရုံတွေမှာ အရေးပေါ် အသက်ကယ်ဘတ်ဂျက် လုံလောက်စွာ ထားရှိရေး။ ကျန်းမာရေးဘက်ဂျက်ကို အစိုးရ အထွေထွေ အသုံးစရိတ်ရဲ့ အနည်းဆုံး ၁၀ ရာခိုင်နှုန်းထားရှိရေးဆိုတဲ့ အချက် ၄ ချက်ကို တောင်းဆိုထားပါတယ်။ တစ်ပတ်အတွင်း သက်ဆိုင်ရာ ဝန်ထမ်းတွေကို အရေးမယူပါက  ဆက်ပြီးတုံ့ပြန် လုပ်ဆောင်သွားမယ်လို့လည်း ကလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂက ပြောပါတယ်။ သတင်း- မင်းရဲစစ်နိုင်
2 years Ago
Up