close

ကသာမြို့

close

October 21, 2022

ကသာတွင် စစ်ရေယာဉ် ပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီး

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ အောက်တိုဘာ ၂၀ ရက်က ဧရာဝတီမြစ်ကြောင်းတလျှောက် ဆန်တက်လာတဲ့ စစ်ရေယာဉ်တန်းရဲ့ ပစ်ခတ်မှုကြောင့် မြစ်ဘေးရှိ ကျေးရွာတွေက နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး ကျွဲနွားသေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ ရေယာဉ် ၇ စင်းဟာ ကသာမြို့ကို ထီးချိုင့်ကတဆင့် ဆန်တက်လာတာဖြစ်ပြီး မြစ်ကမ်းတလျှောက်ရှိ ရွာတွေ၊ လယ်ယာတဲတွေ၊ သာသနိက အဆောက်အအုံတွေပါမကျန် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတယောက်က ပြောပါတယ်။

“လောလောဆယ် ကျနော်တို့ သိထားတာကတော့ ထိခိုက်ပျက်စီးတာ နေအိမ် ၁၀ လုံးမကဘူး။ သာသနာ့အဆောက်အအုံတချို့လည်း ထိတယ်။ လက်နက်ကြီးထိတာ။ လူထိခိုက်မှု အခြေအနေတော့ မသိရသေးဘူး။ ဆက်ပြီး စုံစမ်းနေဆဲပါ။ လယ်ကွင်းဘက်တွေလည်း ပစ်နေ ကြတာ။ အိမ်မွေးတိရစ္ဆာန် ကျွဲနွားတွေကတော့ သေဆုံးတာတွေရှိတယ်။”

အဲဒီနေ့ ညနေ ၃ နာရီမှာတော့ စစ်ရေယာဉ်တန်းဟာ ကသာမြို့ကို ရောက်ရှိလာတယ်လို့ သိရပြီး ဧရာဝတီမြစ်ကြောင်းအထက်ပိုင်းကို ထပ်မံဆန်တက်မယ့် အစီအစဉ်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ကသာမြို့ အထက်ဘက်ရှိ ဧရာဝတီမြစ်ကြောင်းဘေးက ကျေးရွာနေပြည်သူတွေ အနေနဲ့ အသက်အန္တရာယ်မရှိစေရေးနဲ့ မိမိတို့ပိုင်ဆိုင်တဲ့ ကျွဲနွားတွေကို ဘေးကင်းစေရေးအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ထုတ်ပြန်ထား ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့က မြစ်ကြောင်းတလျောက် ပစ်ခတ်မှုကြောင့် နေအိမ်နဲ့ အဆောက်အအုံ ပျက်စီးမှုတွေ၊ ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးမှုအလိုက် ရပ်ကျေး (ပကဖ) တွေကတဆင့် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပအဖ)ထံတင်ပြပြီး သတ်မှတ်ချက်အတိုင်း အကူအညီ တောင်းခံနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

51 mins Ago

September 1, 2022

ကသာမြို့တွင် မိုင်းပေါက်ကွဲပြီး ပုလင်းခွံကောက်သည့်သားအမိ ၂ ဦး ထိမှန်၊ သမီးဖြစ်သူ သေဆုံး

စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ သြဂုတ် ၃၁ မနက်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ပုလင်းခွံကောက်တဲ့ သားအမိနှစ်ယောက် မိုင်းစထိမှန်ကာ သမီးဖြစ်သူ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စေတီကုန်းကျေးရွာ ဘုန်ကြီးကျောင်းရှေ့ ဇရပ်ဆောင်အနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပုလင်းခွံ ကောက်တဲ့ သားအမိနှစ်ယောက် မိုင်းထိမှန်ခဲ့တာဖြစ်ပါတယ်။

ဒေသခံအမျိုးသားတစ်ဦးက “မနက် ၁၁ နာရီလောက်က  မိုင်းပေါက်ကွဲတာ။၊ အဲဒီနားကို ပုလင်းခွံကောက်တဲ့ သားအမိနှစ်ယောက် မိုင်းစမှန်တယ်။ မိခင်ကတော့ မသေဘူး။ သမီးလေးကတော့ သေသွားပြီ။ ဘယ်သူထောင်လဲဆိုတာကတော့ မပြောတတ်ဘူး”လို့ ပြောပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ အမှိုက်ကောက်သူ မခင်မာလင်းဟာ ဒဏ်ရာပြင်းထန်ပြီး သူ့ရဲ့ သမီးဖြစ်သူကတော့  ကသာမြို့မဆေးရုံမှာ ဆေးကုသပေးနေချိန် သေဆုံးသွားခဲ့တာပါ။

မခင်မာလင်းနဲ့ သမီးဖြစ်သူတို့ဟာ ရပ်ကွက် ၄  မုံလတန်းရပ်ကွက်မှာ နေထိုင်သူတွေဖြစ်ပြီး ရေသန့်ဘူးခွံ၊ ပုလင်းခွံ ကောက်ပြီး ဝမ်းစာရှာဖွေစားသောက်နေတဲ့သူတွေ ဖြစ်ပါတယ်။

2 months Ago
Up