close

ကာကွယ်ဆေးဆန့်ကျင်သူ

close

January 13, 2022

ဘူလ်ဂေးရီးယားတွင် ကိုဗစ်ကာကွယ်ဆေးဆန့်ကျင်သူများနှင့် ရဲတပ်ဖွဲ့ ခိုက်ရန်ဖြစ်

ဘူလ်ဂေးရီးယားနိုင်ငံ မြို့တော် ဆိုဖီယာမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ဆန့်ကျင်သူတွေက ဇန်နဝါရီ ၁၂ ရက်နေ့မှာ လွှတ်တော်အဆောက်အအုံထဲထိ ဝင်ရောက်ဖို့ကြိုးစားခဲ့ပြီး လုံခြုံရေးတွနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။

လွှတ်တော်အဆောက်အအုံရှေ့ လူ ၃၀၀၀ ကျော် စုစည်းမိတဲ့နောက် ကာကွယ်ဆေး မထိုးမနေရ အမိန့်ကို ရုပ်သိမ်းပေးဖို့၊ ကာကွယ်ဆေးထိုးပြီး လက်မှတ်ပြနိုင်မှ လုပ်ငန်းခွင်တွေထဲ ခွင့်ပြုမှုတွေ ရုပ်သိမ်းပေးဖို့ကို ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ပါတယ်။ 

ဒီနောက် ဆန္ဒပြသူတွေဟာ လုံခြုံရေးအရံအတားတွေကိုကျော်ကာ လွှတ်တော်တံခါးဝထိ ရောက်ရှိခဲ့ပြီးနောက် သူတို့ရဲ့လိုလားချက်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေ အပြင်ထွက်လာပြီး ချက်ချင်း ဖြေရှင်းပေးဖို့ တောင်းဆိုပါတယ်။ 

‘လွတ်လပ်မှု၊ မာဖီးယား’ စတဲ့ ကြွေးကြော်သံတွေတိုင်ပြီး ကိုဗစ်အတားအဆီးမှန်သမျှ ပြန်ရုပ်သိမ်းပေးဖို့ နိုင်ငံတော်အလံနဲ့ အစွန်းရောက်မျိုးချစ်အလံတွေ ဝှေ့ယမ်း အော်ဟစ်ခဲ့ပါတယ်။

ဘူဂေးရီးယားဟာ ဥရောပသမဂ္ဂနိုင်ငံတွေထဲ ကာကွယ်ဆေးထိုးမှုနှုန်း အနည်းဆုံးနိုင်ငံပါ။

အိုမီခရွန်ဗိုင်းရပ်စ်နဲ့ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်နေတာကြောင့်  အခုရက်ပိုင်း တင်းကြပ်တဲ့ ကန့်သတ်မှုတွေ အစိုးရက ချထားတာပါ။ 

1 min Ago
Up