close

ကာကွယ်ဆေးထိုးဥပဒေ

close

March 31, 2022

ကိုဗစ်-၁၉ ကာကွယ်ဆေး မဖြစ်မနေထိုးရမည့် ဥပဒေပြဋ္ဌာန်းရန် သမ္မတဘိုင်ဒင် တိုက်တွန်း

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ အသက်ရှင်နေထိုင်ဖို့ နိုင်ငံသားတွေ ကာကွယ်ဆေးထိုးပြီး အမေရိကန်ပြည်သူတွေရဲ့ အသက်ကို ကယ်တင်ပါလို့ ဆော်ဩလိုက်ကာ သူကိုယ်တိုင် ဒုတိယအကြိမ် COVID-19 booster ကာကွယ်ဆေးထိုးယူမှု ပြသခဲ့ပါတယ်။

ဘိုင်ဒင်က “ကျနော်တို့မှာ booster ကာကွယ်ဆေး အလုံအလောက်ရှိပါတယ်။ ကွန်ဂရက်က ဆေးထိုးရမယ့် သူတိုင်းကို မဖြစ်မနေ ထိုးခိုင်းတဲ့ဥပဒေ မပြဋ္ဌာန်းနိုင်ရင် ကျနော်တို့ ဘာမှ လုပ်လို့မရဘူး၊ အခမဲ့ထိုးပေးတဲ့ ကာကွယ်ဆေးတွေ အလကား ဖြစ်သွားမှာပဲ။ ဗိုင်းရပ်စ်တွေကို ဘယ်သူမှ တံတိုင်းတွေနဲ့ ကာရံထားလို့မရဘူး၊ တဦးချင်း ကိုယ့်ခုခံစွမ်းအား မြှင့်ထားမှသာ ဗိုင်းရပ်စ်အသစ်တွေကို ကာကွယ်နိုင်မယ်” လို့ ပြောပါတယ်။

အမေရိကန် ကျန်းမာရေးဌာနက ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားပြီး ၂ နှစ်အကြာမှာ အသက် ၅၀ အထက်ကို ဒုတိယအကြိမ် booster ကာကွယ်ဆေးထိုးဖို့ ခွင့်ပြုခဲ့ပါတယ်။

သမ္မတဂျိုးဘိုင်ဒင်က ဖိုက်ဇာကာကွယ်ဆေး ၄ ကြိမ်မြောက် ထိုးတာ ဖြစ်ပါတယ်။

12 mins Ago
Up