ဆလိုဗက်ကီးယားနိုင်ငံလွှတ်တော်မှာ ဖေဖော်ဝါရီ ၈ ရက်နေ့က အမေရိကန်နဲ့ ကာကွယ်ရေးစာချုပ်ချုပ်ဆိုဖို့ အချေအတင် ဆွေးနွေးကြပါတယ်။
အမေရိကန်နဲ့ ဆလိုဗက်ကီးယားနိုင်ငံတို့ ချုပ်ဆိုမယ့် ကာကွယ်ရေးသဘောတူညီချက်မှာ အမေရိကန်က ဆလိုဗက် လေဆိပ်နှစ်ခုကို အသုံးပြုနိုင်မှု ပါဝင်ပြီး ဒေါ်လာ သန်း ၁၀၀ ကူညီမှာပါ။
ဆွေးနွေးပွဲအတွင်းမှာ အတိုက်အခံအမျိုးသားရေးပါတီမှ အမတ်နှစ်ဦးက ဆိုလိုဗက် အမျိုးသားအလံ ကိုင်ဆောင်ပြီး လွှတ်တော်ဥက္ကဋ္ဌရဲ့ ထိုင်ခုံရှေ့ ပိတ်ရပ်ပြီး ဆန့်ကျင်ခဲ့ပါတယ်။
အမေရိကန်နဲ့ စာချုပ်ချုပ်မှာကို ထောက်ခံတဲ့ နောက်အမတ်နှစ်ဦးက ဆိုလိုဗက်ကီးယားရဲ့ အိမ်နီးချင်း ယူကရိန်းနိုင်ငံရဲ့ အလံကို ကိုင်ဆောင်ပြီး ထရပ်ခဲ့ပါတယ်။
ဒါပေမဲ့ ဆလိုဗက်အလံကိုင်ထားတဲ့ မျိုးချစ်အမတ်နှစ်ဦးထဲမှ တဦးက ယူကရိန်းအလံကို ဆောင့်ဆွဲကာ ယူကရိန်းအလံကိုင်တဲ့ အမတ်တဦးမျက်နှာက face mask ကိုလည်း ဆွဲလွှတ်ပစ် တိုက်ခိုက်ခဲ့ပါတယ်။