close

ကာကွယ်ရေးပစ္စည်းစက်ရုံ

close

August 22, 2021

အောင်လံ ကာကွယ်ရေးပစ္စည်းစက်ရုံက ထွက်ပြေးသွားသည့် စစ်သား ၁၅ ဦးထဲက ၁ ဦး ပစ်သတ်ခံရ

မကွေးတိုင်းဒေသကြီး အောင်လံမြို့  အရှေ့ဘက် စစ်ကောင်စီရဲ့ လက်နက်တွေ ထုတ်လုပ်တဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (၁၅) က ထွက်ပြေးသွားတဲ့  စစ်ဗိုလ်တစ်ယောက်အပါအဝင် တပ်သား ၁၅ ယောက်ထဲက တပ်သားတစ်ယောက် သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ကပစတပ်နဲ့ နီးစပ်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်နေ့က ထွက်ပြေးသွားတာဖြစ်ပြီး စစ်ဗိုလ်ဖြစ်သူမှာ ပစ္စတို တစ်လက်ပါကာ တပ်သားတွေမှာ လက်နက်ပါမပါ ဆိုတာ မသိရဘူးလို့ ရွာခံတစ်ယောက်က ပြောပါတယ်။

အောင်လံမြို့နယ်ထဲက ရွာတစ်ရွာမှာ ဩဂုတ် ၂၀ ရက်နေ့က တပ်သားတစ်ယောက် ပြန်ဖမ်းမိသွားပြီး စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေအတွင်း ညဘက် သေနတ်တွေ ပစ်ဖောက်ကာ ပြည်သူတွေကို ခြိမ်းခြောက်ကာ အရပ်ဝတ်တွေနဲ့ ကင်းပုန်းချထားတာ ၄ ရက်လောက်ရှိနေပြီလို့ ဆိုပါတယ်။အဲဒီ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) က စစ်သားတွေ ထွက်ပြေးသွားတာကြောင့် အောင်လံမြို့နဲ့ ဆင်ပေါင်ဝဲမြို့ အရှေ့ဘက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်က သေနတ်တွေပစ်ဖောက်ပြီး ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။

8 mins Ago
Up