close

ကာကွယ်ရေးအသုံးစရိတ်

close

March 5, 2023

ကာကွယ်ရေးအသုံးစရိတ် တိုးလာဟု တရုတ်ပြော

တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ နှစ်ပေါင်းများစွာ တသမတ်တည်းရှိခဲ့ရာက အခုတော့ အလယ်အလတ်ကျကျနဲ့ ကျိုးကြောင်းဆီလျော်မှုရှိရှိ တိုးလာခဲ့တယ်လို့ တရုတ်အမျိုးသား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဝမ်ချောင်က မတ် ၄ ရက်မှာ ပြောလိုက်ပါတယ်။

တရုတ်စစ်တပ် ခေတ်မီတိုးတက်ခြင်းဟာ ဘယ်နိုင်ငံအတွက်မှ ခြိမ်းခြောက်မှု ဖြစ်လာမှာ မဟုတ်ဘူးလို့လည်းသူက သတင်းထောက်တွေကို ပြောပါတယ်။

တရုတ်ကာကွယ်ရေးအသုံးစရိတ်ကို ဒီနှစ်ထဲမှာ ဘယ်လောက်ထိ တိုးမှာလဲ၊ တိုးလာတဲ့ ပမာဏက အရင်နှစ်တွေကထက် များမှာလား စတဲ့ မေးခွန်းတွေကို သတင်းစာ ရှင်းလင်းပွဲအတွင်း ဝမ့်ကို မေးခဲ့ကြတာပါ။

သူကတော့ ဒီနှစ်ကာကွယ်ရေး ဘတ်ဂျက်အတွက် ဘယ်ကိန်းဂဏန်းကိုမှ မပေးဘဲ ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ခဲ့ ပါတယ်။ 

ဒီနှစ်လွှတ်တော်ရဲ့ နှစ်ပတ်လည် အစည်းအဝေး အစဖြစ်တဲ့ မတ် ၅ ရက်မှာ အသုံးစရိတ်တွေကို အမျိုးသား ရသုံးမှန်းခြေ ငွေစာရင်းအတွင်း ကိန်းဂဏန်းနဲ့ တရားဝင် ဖော်ပြမှာ ဖြစ်ပါတယ်။

1 month Ago

December 16, 2022

ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မည့် ဂျပန်အစိုးရကို ဆန့်ကျင်ဆန္ဒပြ

ဂျပန်နိုင်ငံမှာ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့နဲ့ တန်ပြန်တိုက်ခိုက်နိုင်စွမ်းကို အားကောင်းစေဖို့ ဂျပန်အစိုးရရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး  ရာနဲ့ချီတဲ့ ဂျပန်ပြည်သူတွေ ဒီဇင်ဘာ ၁၅ ရက်က တိုကျိုမှာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

အစိုးရတပ်တွေ တိုးချဲ့တာကို ဆန့်ကျင်တာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ စစ်ပွဲတွေကို ဆန့်ကျင်ကြောင်း ကြွေးကြော်သံ ဆောင်ပုဒ်တွေနဲ့အတူ စာတန်းတွေကို ကိုင်ဆောင်ခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီနဲ့ ကိုမီအီတိုပါတီတို့ဟာ အစိုးရက ပြန်လည်ပြင်ဆင်ဖို့ စီစဉ်ထားတဲ့ နိုင်ငံတော်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ တန်ပြန်တိုက်ခိုက်မှုစွမ်းရည်တို့နဲ့ ပတ်သက်တဲ့ စာတမ်းသုံးစောင်အပေါ် သဘောတူညီမှု ရရှိခဲ့တာပါ။

ဂျပန်အစိုးရဟာ သောကြာနေ့မှာ ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ စာရွက်စာတမ်းတွေ ပြန်လည်ပြင်ဆင်ခြင်းဆိုင်ရာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်မှာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော် အစည်းအဝေး မကျင်းပတဲ့အချိန်မှာ လွှတ်တော်ရဲ့ ဘာဆွေးနွေးမှုမှ မပါဘဲနဲ့ အဓိက လုံခြုံရေးမူဝါဒတွေအပေါ် ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်ခဲ့ကြတာလို့ ဂျပန်နိုင်ငံ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အကြီးအကဲ ဖူကူရှီမာ မီဇူဟိုက ပြောပါတယ်။

“သူတို့ကိုယ်တိုင်က အစပြုပြီး ဒီနည်းနဲ့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေချတာ လုံးဝမှားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့ကိစ္စကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ပြောဆိုသွားမှာပါ။”

ဂျပန်လွှတ်တော်အမတ် အီဟာ ယိုအိချိကလည်း “တကယ်လို့ ဂျပန်က သူ့ရဲ့ လုံခြုံရေးအာမခံချက် ဆိုတာကို အောင်မြင်ချင်တယ်ဆိုရင် ‘တန်ပြန်တိုက်ခိုက်မှုစွမ်းရည်’ နဲ့ ‘စစ်ပြင်ဆင်မှု’ ကို အလေးပေးမယ့်အစား သံတမန်နည်းလမ်းတွေကနေ စစ်ပွဲတွေကို ရှောင်ရှားဖို့ ကြိုးပမ်းသင့်ပြီး ငြိမ်းချမ်းတဲ့လမ်းကို ရွေးသင့်တယ်” လို့ ပြောပါတယ်။

ဂျပန်ပြည်တွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ တန်ပြန်တိုက်ခိုက်နိုင်စွမ်း ဆိုတာဟာ ဒေသတွင်း အခြေအနေကို ပိုပြီး မသေချာ မရေရာမှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

4 months Ago
Up