ကာဇက်စတန်နိုင်ငံမြို့တော် အာလ်မာတီမှာ မတ် ၆ ရက်နေ့က ရုရှားကျူးကျော်စစ် ဆန့်ကျင်ရေး လူ ၂ သောင်းနီးပါး ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက “No War”, “No Putin”, “Peace in Ukraine” ကြွေးကြော်သံတွေနဲ့အတူ ယူကရိန်းအလံတွေ ဝှေ့ယမ်းခဲ့ပါတယ်။
မြို့လယ်ရင်ပြင်ရှိ လီနင်ရုပ်တုရဲ့လက်မှာ ယူကရိန်းအလံ အဝါနဲ့အပြာ ဘောလုံးတွေကို ချိတ်ဆွဲခဲ့ပါတယ်။
ဆိုဗီယက်ပြည်ထောင်စုဟောင်းနိုင်ငံ ကာဇက်စတန်ပြည်သူတွေက ဆိုဗီယက်ခေါင်းဆောင်ကြီး လီနင်ကို အမြဲလေးစားမှုရှိပေမဲ့ ရုရှားကျူးကျော်စစ်ဖန်တီးသူ ပူတင်ကတော့ လီနင်ကို ပုတ်ခတ်စော်ကား ပြောဆိုနေသူလည်း ဖြစ်ပါတယ်။
ပူတင်က ရုရှားရဲ့အိမ်နီးချင်းနိုင်ငံတွေက ရုရှားစကားပြောလူမျိုးတွေရဲ့ ဒေသတွေကို ပြန်လည် စုစည်းဖို့ ကြိုးပမ်းနေတာပါ။
ဒါပေမဲ့ ခွဲထွက်အိမ်နီးချင်းနိုင်ငံအားလုံးက ပူတင်ရဲ့ လူမျိုးကြီးဝါဒနဲ့ ယူကရိန်း ကျူးကျော်စစ်ကို ဆန့်ကျင်ခဲ့ကြပါတယ်။