close

ကာဇက်စတန် လုံခြုံရေးအကြီးအကဲဟောင်း

close

January 9, 2022

နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ကာဇက်စတန်လုံခြုံရေးအကြီးအကဲဟောင်းနှင့်အရာရှိအချို့ အဖမ်းခံရ

ကာဇက်စတန်အစိုးရက အမျိုးသားလုံခြုံရေးကော်မတီ (KNB)အကြီးအကဲဟောင်း ‘ခါရင် မာစိမော့ဗ်’ နဲ့ အရာရှိအချို့ကို နိုင်ငံတော်သစ္စာဖောက်မှု သံသယစွဲချက်နဲ့ ဒီဇင်ဘာ ၈ ရက်က ဖမ်းဆီးခဲ့ပါတယ်။

ခါရင် မာစိမော့ဗ် ဝန်ကြီးချုပ် နှစ်ကြိမ်ဖြစ်ဖူးပြီး ကာဇက်စတန်နိုင်ငံတည်ထောင်သူ နာဆူလ်တန်ရဲ့ အနီးကပ်လက်ရုံးပါ။ 

လက်ရှိ သမ္မတ တိုကာဗက်ဗ်က နိုင်ငံတဝန်းဆန္ဒပြမှုတွေကို ခါရင် မာစိမော့ဗ်က ကြိုးကိုင်နေပြီး အစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခဲ့တာပါ။

ဇန်နဝါရီ ၆ ရက်မှာ အမျိုးသားလုံခြုံရေးကော်မတီက ဆူပူအုံကြွမှုတွေအပေါ် အရေးပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးနောက် ယခင် KNB အကြီးအကဲဟောင်းနဲ့ အရာရှိအချို့ဟာ အစိုးရအပေါ် သစ္စာဖောက်ခဲ့တယ်လို့ ယူဆခဲ့ပါတယ်။

လက်ရှိ ရှရှားကျောထောက်နောက်ခံပေးထားတဲ့ သမ္မတ တိုကာယက်ဗ်က စစ်တပ်ကို ပစ်မိန့်ပေးထားပြီး ဆန္ဒပြသူတွေကိုဖြိုခွင်းဖို့ အိမ်နီးချင်း ရုရှား၊  အာမေးနီးယား၊ ဘယ်လာရုဇ်၊ တာဂျစ်ကစ်စတန်နဲ့ ကာဂျစ်စတန် တို့က တပ်တွေကိုပါ ခေါ်သွင်းထားပါတယ်။

2 mins Ago
Up