close

ကာတာကလပ်

close

April 27, 2022

ကိုလံဘီယာကွင်းလယ်လူ ရိုဒရီဂွက်ဇ် ဥရောပဘောလုံးလောကတွင် ပြန်လည်ခြေချမည်

ကာတာကလပ် အယ်လ်ရေယန်အသင်းမှာ ကစားနေတဲ့ ကိုလံဘီယာ ကွင်းလယ်တိုက်စစ်ကစားသမား ဟာမီးစ်ရိုဒရီဂွက်ဇ်ဟာ ဥရောပဘောလုံးလောကကို ပြန်လည်ခြေချဖို့ သူ့ရဲ့အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်က စီစဉ်ဆောင်ရွက်နေကြောင်း ကိုလံဘီယာ သတင်းတွေမှာ ဖော်ပြပါတယ်။

အသက် ၃၀ အရွယ် ဟာမီးစ်ဟာ ဥရောပ ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ပေါ်တို၊ မိုနာကို၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့မှာ ကစားခဲ့ဖူးပြီး ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းမှာ နောက်ဆုံးကစားခဲ့တာ ဖြစ်ပါတယ်။

1 hour Ago

July 21, 2020

စပိန်ကွင်းလယ်လူ ကာဇိုလာ ကာတာကလပ်အသင်းဆီ ပြောင်းရွှေ့ကစားမည်

စပိန်ကွင်းလယ်လူ ကာဇိုလာဟာ ဗီလာရီးရဲလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ကာတာကလပ် အယ်လ်ဆတ်အသင်းကို ပြောင်းရွှေ့ကစားမှာ ဖြစ်ပါတယ်။  အယ်လ်ဆတ်အသင်းဟာ စပိန်နည်းပြ ဇာဗီ ကိုင်တွယ်နေတဲ့အသင်းဖြစ်ပြီး လက်ရွေးစင် အသင်းဖော်ဟောင်း နှစ်ဦး ပြန်လည်တွေ့ဆုံကြမှာပါ။ ဇာဗီဟာလည်း အယ်လ်ဆတ်မှာ ၄ နှစ်ကြာ ကစားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်က နည်းပြချုပ်အဖြစ် စတင်တာဝန်ယူခဲ့တာပါ။  အသက် ၃၅ နှစ်ရှိ ကာဇိုလာဟာ ဗီလာရီးရဲလ်နဲ့ ၂ ရာသီကာလအတွင်းမှာ စုစုပေါင်း ၈၆ ပွဲ ကစားပြီး ၂၂ ဂိုး သွင်းခဲ့ပါတယ်။  အယ်ဆတ်အသင်းဟာ ကာတာလိဂ် လက်ရှိချန်ပီယံအသင်း ဖြစ်ပေမယ့် အခုနှစ်ရာသီမှာတော့ ပွဲစဉ် ၁၇ အပြီးမှာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
2 years Ago
Up