အင်္ဂလန်ကွင်းလယ်လူ ကယ်ဗင်ဖိလစ်ဟာ ဒီဘက်ခေတ်မှာ အကောင်းဆုံး ကွင်းလယ်လူတစ်ဦး ဖြစ်ပေမယ့် အီတလီဂန္ထဝင် ပီယာလိုနဲ့တော့ နှိုင်းယှဉ်ပြောလို့မရကြောင်း နည်းပြဟောင်း ကာပယ်လိုက သုံးသပ်ပါတယ်။
အင်္ဂလန်အသင်းဟာ ယူရိုအုပ်စုပွဲစဉ် ၃ ပွဲနဲ့ ၁၆ သင်းအဆင့်ပွဲစဉ်အထိ ပေးဂိုးမရှိ မှတ်တမ်းနဲ့ ခြေစွမ်းပြနေတာပါ။
အဲဒီလိုပေးဂိုးမရှိခဲ့တာက ကွင်းလယ်က ကယ်ဗင်ဖိလစ်နဲ့ ဒက်ကလန်ရိုက်တို့ရဲ့ ခြေစွမ်းကောင်းမွန်မှုကြောင် ဖြစ်တယ်လို့ ကာပယ်လိုကပြောပါတယ်။
လိဒ်ကွင်းလယ်လူဖိလစ်ကို ရော့ရိူင်းယားပီယာလိုအဖြစ် အင်္ဂလန်ပရိသတ်တွေက ခိုင်းနှိုင်းချီးကျူးနေကြပေမယ့် ကွဲပြားခြားနားတယ်လို့ သုံးသပ်ပါတယ်။
“ဖိလစ်က ပီယာလိုလို ကစားသမားမဟုတ်တာကြောင့် ပီယာလိုလို ဘယ်တော့မှာဖြစ်မှာမဟုတ်ပါဘူး။ သူက ပိုမြန်သလို ပိုပြီးတော့လည်း တိုက်ရည် ခိုက်ရည်ရှိတယ်။ အရည်အချင်းလည်းရှိပေမယ့် ပီယာလိုနေရာကို ဆက်ခံနိုင်မယ့်သူ တော့မဟုတ်ပါဘူး။ သူက ဘီယယ်ဆာ (လိဒ်နည်းပြ)ရဲ့ လက်အောက်မှာ နည်းစနစ်ပိုင်းကောင်း လာတယ်။ ဒီခေတ်မှာတော့ အကောင်းဆုံးကွင်းလယ်လူတစ်ဦးဖြစ်ပေမယ့် ပီယာလိုနဲ့ နှိုင်းယှဉ်တာမျိုးတော့ မလုပ်သင့်ပါဘူး” လို့ ကာပယ်လိုက ပြောပါတယ်။
ဆက်လက်ပြီး ဂိုးသမားပစ်ဖို့ဒ် မက်ဂွိုင်းယား၊ စတာလင်နဲ့ ဟာရီကိန်းတို့ကိုလည်း ကာပယ်လိုက ချီးကျူးခဲ့ပါတယ်။