အာကာသမှ လွင့်စဉ်လာတယ်လို့ ယူဆပြီး ပဟေဠိပုစ္ဆာ (The Enigma) လို့ အမည်ပေးထားတဲ့ အလေးချိန် ၅၅၅ ဒသမ ၅၅ ကာရက်ရှိ အမည်းရောင် ကာဗွန်စိန်ကို ကာလီဖောနီးယားပြည်နယ် အနုပညာနဲ့ ရတနာပစ္စည်း ပွဲစားကုမ္ပဏီ ဆပ်သဘစ်ဇ် (Sotheby's) မှာ လေလံတင် ရောင်းချနေပါတယ်။
ကြမ်းခင်းဈေးကို ဒေါ်လာ ၄ သန်းနဲ့ ဒေါ်လာ ၇ သန်းကြား သတ်မှတ်ထားပါတယ်။
လော့စ်အိန်ဂျလိစ်မြို့ သဘာဝသမိုင်းပြတိုက်မှ ဘူမိသိပ္ပံပညာရှင် ဒေါက်တာအာရွန် စီလီူစတိန်းက “ကမ္ဘာပေါ်မှာ ရှာဖွေတွေ့ရှိဖို့ ခဲယဉ်းတဲ့ ရှားပါးကာဗွန်ဖွဲ့စည်းမှု အမျိုးအစားဖြစ်ပြီး လျှို့ဝှက်နက်နည်း လှပတဲ့ စိန်အမျိုးအစားပါ” လို့ ပြောပါတယ်။
“ကမ္ဘာမြေရဲ့သက်တမ်းက ၄ ဒသမ ၆၅ သန်းရှိပြီး၊ ကာဗွန်စိန်အများစုရဲ့ သက်တမ်းက နှစ် ၂ ဒသမ ၆ ဘီလီယံကနေ နှစ် ၃ ဒသမ ၂ ဘီလီယံ ကြားမှာ ရှိပါတယ်။ ဒါပေမဲ့ အခု ကာဗွန်ဒို စိန်အမျိုးအစားက အဲဒီဖြစ်စဉ်ကနေ လွတ်နေပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေက ပြင်ပ တနေရာက လာတယ်လို့ပဲ ယူဆတာပါ” သူက ဆက်ပြောပါတယ်။
ကာဗွန်ဒို စိန်မည်းတွေကို ဘရာဇီးနဲ့ အာဖရိကအချို့မှာ တွေ့ရတတ်ပါတယ်။
The Enigma ကို လေလံတင်ရောင်းချသူက သူ့လက်ထဲရရှိပြီး နှစ် ၂၀ လောက် သိမ်းဆည်းထားတာပါ။