close

ကာရောဂါ

close

June 14, 2022

မန်စီးတီးအသင်းက ပြိုင်ဘက်များအတွက် စိုးရိမ်စရာကောင်းသွားပြီဟု ကာရေဂါ သုံးသပ်

တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူခဲ့တဲ့ မန်စီးတီးဟာ ပြိုင်ဘက်အသင်းတွေအတွက် စိုးရိမ်စရာကောင်းသွားပြီလို့ နောက်ခံလူဟောင်း ကာရေဂါက ပြောပါတယ်။ 

မန်စီးတီးဟာ ဒေါ့မွန်အသင်းက နော်ဝေတိုက်စစ်မှူး ဟာလန်းကို ၅ နှစ်စာချုပ်နဲ့ခေါ်ယူခဲ့တာပါ။ ဟာလန်းဟာ ဒေါ့မွန်အသင်းမှာ စုစုပေါင်း ၈၉ ပွဲမှာ ၈၆ ဂိုးအထိ သွင်းယူခဲ့တာကြောင့် တခြားအသင်းတွေအတွက် စိုးရိမ်စရာ တခုဖြစ်လာပြီး ပိုမိုခက်ခဲသွားလိမ့်မယ်လို့ လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက သုံးသပ်ခဲ့တာပါ။ 

“ဟာလန်းကို သူတို့ခေါ်ယူနိုင်ခဲ့တာက တခြားပရီးမီးယားလိဂ်အသင်းတွေအတွက်တော့ စိုးရိမ်စရာတခုပါပဲ။ သူက ငယ်ရွယ်သေးတဲ့အချိန်မှာတောင် ကမ္ဘာ့အကောင်းဆုံး ကစားသမားတဦး ဖြစ်တယ်။ ဒါပေမဲ့ အသင်းတိုင်းက လွယ်လွယ်နဲ့ အလံဖြူထောင်ကြမယ်လို့တော့ မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟာလန်းအနေနဲ့ မန်စီးတီးမှာ အံဝင်နိုင်မလားဆိုတာက စိတ်ဝင်စားစရာတခုဖြစ်နေတယ်။ ပတ်ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ အထောင်တိုက်စစ်မှူး အသုံးမပြုခဲ့တာကြောင့် ဘယ်လို နေရာချမလဲဆိုတာ စိ တ်ဝင်စားဖို့ကောင်းပါတယ်” လို့ ကာရေဂါက ပြောပါတယ်။ 

ကမ္ဘာ့အဆင့်တိုက်စစ်မှူးတဦး ရောက်ရှိလာတာက ပရီးမီးယားလိဂ်အတွက်တော့ များစွာကောင်းမွန်တယ်လို့ ကာရေဂါက သုံးသပ်သွားခဲ့ပါတယ်။

1 min Ago
Up