close

ကာလရှည်အနားယူ

close

August 9, 2021

ခြေကျင်းဝတ်ဒဏ်ရာကြောင့် လစ်ဗာပူးနောက်ခံလူ ရော်ဘက်ဆန် ကာလရှည်အနားယူရမည်

လစ်ဗာပူးနောက်ခံလူ ရော်ဘက်ဆန်ဟာ ဘီဘာအိုလ်နဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး ကာလရှည် အနားယူရဖွယ်ရှိတယ်လို့ သိရပါတယ်။ 

ဘယ်နောက်ခံလူ ရော်ဘက်ဆန်ဟာ ပထမပိုင်းအပြီးမှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့လို့ ဒုတိယပိုင်းမှာ ဆက်မကစားနိုင်တော့ဘဲ လူစားလဲ ခဲ့ရတာပါ။ 

တစ်ဂိုးစီသရေကျခဲ့တဲ့ အဲဒီခြေစမ်းပွဲအပြီးမှာတော့ နည်းပြ ယာဂန်ကလော့ပ်က ဒဏ်ရာ အခြေအနေနဲ့ပတ်သက်ပြီး စစ်ဆေးသွားရမှာဖြစ်လို့ ဘယ်လောက်အထိအနားယူရမလဲဆိုတာ မသိရသေးကြောင်း ပြောပါတယ်။

“ဘယ်လောက်ပြင်းထန်သလဲဆိုတာ မသိရပေမယ့် နာကျင်မှုဒဏ်ကိုတော့ အတော်ခံစား ရမယ့်ပုံပါပဲ။ ဒါကြောင့်လည်း အန်ဒီက ဆက်မကစားနိုင်ခဲ့တာပါ။ မနက်ဖြန်မှာ စစ်ဆေး မှုတွေပြုလုပ်ပြီးမှ သေချာသိရပါမယ်” လို့ နည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။

 လစ်ဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီက  နောက်ခံလူတွေ ဒဏ်ရာပြဿနာရှိခဲ့တာကြောင့် အခက်အခဲဖြစ်ခဲ့ဖူးပါတယ်။ 

အဓိက ဘယ်နောက်ခံလူ ရော်ဘက်ဆန်ရဲ့ ဒဏ်ရာက ပြင်းထန်ဖွယ်ရှိတာကြောင့် ကာလရှည် အနားယူမယ်ဆိုရင် လစ်ဗာပူး ဘယ်ခြမ်းအတွက် အားနည်းချက်ဖြစ်လာဖွယ်ရှိနေတာ ဖြစ်ပါတယ်။

11 mins Ago

January 4, 2020

တံကောက်ကြော ဒဏ်ရာကြောင့် ဟယ်ရီကိန်း ကာလရှည်အနားယူရနိုင်

တံကောက်ကြောဒဏ်ရာကြောင့် တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ကာလရှည်အနားယူရတော့မယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ဒီဒဏ်ရာကို ဆောက်သမ်တန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ရရှိခဲ့တာဖြစ်ပြီး ဒါဟာ စပါးအသင်းအတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက်တခုပဲ ဖြစ်ပါတယ်။  ကိန်းရဲ့ဒဏ်ရာကို စကင်ရိုက်စစ်ဆေးမှုမလုပ်ခင်ကတည်းက သူ့အခြေအနေဟာ အသင်းအတွက်  သတင်းဆိုးဖြစ်နိုင်တယ်လို့ နည်းပြမော်ရင်ဟိုက ပြောဆိုခဲ့တာဖြစ်ပါတယ်။  စကင်ရလဒ်ထွက်ပေါ်လာချိန်မှာလည်း  မော်ရင်ရဲ့ခန့်မှန်းချက်အတိုင်းဖြစ်ခဲ့ပါတယ်။ သူ့အခြေအနေနဲ့ ပတ်သက်လို့ စပါးအသင်းဘက်က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ “တိုက်စစ်မှူးဟယ်ရီကိန်းဟာ ဆောက်သမ်တန်နဲ့ နှစ်သစ်ကူးနေ့ပွဲစဉ်မှာ ဘယ် ဘက်တံကောက်ကြော ဒဏ်ရာရရှိခဲ့ပြီး အသင်းဝန်ထမ်းတွေနဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်တွေက ဒီဒဏ်ရာကို စစ်ဆေးမှုတွေဆောင်ရွက်နေပါတယ်” လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။  ဒဏ်ရာရရှိခဲ့တာကြောင့် ဟယ်ရီကိန်းကို မစ်ဒယ်ဘရော့နဲ့ကန်မယ့် အက်ဖ်အေဖလားလူစာရင်းကနေ ထုတ်ပယ်ခဲ့ရပြီး ဒဏ်ရာအခြေအနေကြောင့် ကလာရှည်အနားယူရမယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ စပါးအသင်းဘက်က ဘယ်အချိန်အထိ အနားယူရမလဲဆိုတာကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။  ဟယ်ရီကိန်းဟာ အခုရာသီအတွင်း နိုင်ငံအသင်းနဲ့ လက်ရွေးစင်အသင်းအတွက် ၃၁ ပွဲကစားပြီး ၂၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဟယ်ရီကိန်းသာ ကာလရှည်အနားယူရမယ်ဆိုရင် မော်ရင်ဟိုနဲ့ စပါးအသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တခုဖြစ်လာမှာပါ။
2 years Ago
Up