close

ကာလဝမ်းရောဂါကာကွယ်ဆေးပြတ်

close

December 18, 2022

ကာလဝမ်းရောဂါကာကွယ်ဆေးပြတ်နေပြီဟု WHO ပြော

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ စီမံခန့်ခွဲမှုမှာပါဝင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကာလဝမ်းရောဂါ ကာကွယ်ဆေး သိုလှောင်ထားတဲ့ကုန်စည်တွေ ကုန်နေပြီလို့ WHO က  ဒီဇင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။

WHO ရဲ့ စာရင်းဇယားတွေအရ ဟေတီ၊ ယီမင်နဲ့ လက်ဘနွန်တို့ အပါအဝင် နိုင်ငံနဲ့ ဒေသပေါင်း ၃၀ လောက်မှာ အခုနှစ်အတွင်း ကာလဝမ်းရောဂါ ဖြစ်နေတယ်လို့ သတင်းပို့ခဲ့ ကြပါတယ်။

ဒီရောဂါတွေက ပိုကြီးပြီး သေစေလောက်တဲ့ ရောဂါတွေ ပိုများနေပြီးတော့ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှု အရေအတွက် နှစ်ပေါင်းများစွာ ပုံမှန်လျော့ပါးသွားတဲ့ ကာလဝမ်းရောဂါဟာ ခုတော့ ဖြစ်ပွားမှု အရေအတွက်က ပြန်တိုးလာနေတယ်လို့ WHOရဲ့ ကာလဝမ်းရောဂါ၊ ကူးစက်ရောဂါများဆိုင်ရာနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဆိုင်ရာ WHOရဲ့ အဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဖိလစ်ဘာဘိုဇာက  ဒီဇင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။

ပုံမှန်အားဖြင့် ကာလဝမ်းရောဂါ ကာကွယ်ဆေး ပမာဏ ၃၆ သန်း လောက်ကို WHO ရဲ့ စီမံကွပ်ကဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကာကွယ်ဆေးပေးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့က နှစ်စဉ် ဖြန့်ဝေပေးနေတာပါ။

ကာကွယ်ဆေးတွေ ပြတ်လပ်မှုကြောင့် WHO ရဲ့ ကာလဝမ်း ရောဂါ ကာကွယ်ဆေးထိုးဖို့ အကြံပြုချက်ကို အခုနှစ် အောက်တိုဘာလမှာ ယာယီပြန်ပြင်ဆင်ခဲ့ပြီး ကာကွယ်ဆေး လွှမ်းခြုံမှု တိုးချဲ့ဖို့ အရင် အကြံပြုထားတဲ့ နှစ်ကြိမ် ဆေးထိုးဖို့ အစား တစ်ကြိမ်သာ ဆေးထိုးဖို့ ထောက်ခံချက်ကို ပြောင်းလဲခဲ့ပါတယ်။

24 seconds Ago
Up