close

ကာ့ဒ်လူမျိုးများနှင့် ပြင်သစ်ရဲတပ်ဖွဲ့

close

December 26, 2022

ပါရီမြို့တွင် ဆန္ဒပြ ကာ့ဒ်လူမျိုးများနှင့် ပြင်သစ်ရဲတပ်ဖွဲ့ ထပ်မံထိပ်တိုက်တွေ့

ပြင်သစ်မြို့တော် ပါရီမှာ ဒီဇင်ဘာ ၂၄ ရက်က ကာ့ဒ်လူမျိုးသုံးယောက် သတ်ဖြတ်ခံရမှုအပေါ် ဒေါသထွက်နေတဲ့ ကာ့ဒ်လူမျိုးအသိုက်အဝိုင်းနဲ့  ရဲတပ်ဖွဲ့ဝင်တွေ ဒီဇင်ဘာ ၂၄ ရက်က ထပ်ပြီး ထိပ်တိုက်တွေ့ခဲ့ပါတယ်။

အစောပိုင်းက မြို့တော်ပါရီမှာ ဆန္ဒပြပွဲတွေ လုပ်နေကြနေရာဖြစ်တဲ့ ရီပတ်ဗလစ် ရင်ပြင်နားမှာ ကားအများအပြား မှောက်သွားပြီး  အသေးစား မီးလောင်ကျွမ်း ခဲ့ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူ တချို့ ရင်ပြင်ကနေ ထွက်ခွာလာချိန်မှာ ရဲတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်သလို ဆန္ဒပြသူတွေကလည်း မီးပန်းတွေနဲ့ တုံ့ပြန်ပစ်ခတ်ခဲ့ကြပါတယ်။

ပါရီမြို့ အမှတ် ၁၀ ခရိုင်ရဲ့ လူစည်ကားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ ကာ့ဒ်ယဉ်ကျေးမှုစင်တာနဲ့ အနားက ကော်ဖီဆိုင်မှာ ကာ့ဒ်လူမျိုး  သုံးယောက်ကို  သေနတ်သမားတစ်ဦးက  သတ်ဖြတ်ခဲ့တာပါ။

ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းမှာတော့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးနှင့် ရဲတွေ  ထိပ်တိုက် တွေ့ပြီး တဲ့နောက် ပြင်သစ်နိုင်ငံမှာရှိတဲ့ ကာ့ဒ်ဒီမိုကရက်တစ်ကောင်စီ (CDK-F)က ဒီဇင်ဘာ ၂၄ ရက်မှာ ရီပတ်ဗလစ် ရင်ပြင်မှာ စုဝေးပြီး ထပ်မံ ဆန္ဒပြခဲ့ကြတာပါ။

10 mins Ago
Up