close

ကားတင်သွင်းခွင့်ပါမစ်

close

September 28, 2021

ကားတင်သွင်းခွင့်ပါမစ်အသစ်ထုတ်ပေးမှု ၂၀၂၁ ခုနှစ် နှစ်ကုန်ထိ ပိတ်ထားမည်

ကားတင်သွင်းခွင့်ပါမစ်မျိုးစုံ အသစ်ထုတ်ပေးတာကို ၂၀၂၁ ခုနှစ် နှစ်ကုန်ထိ ယာယီပိတ်ဖို့ စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနက လုပ်ဆောင်နေပြီး အဲဒီထုတ်ပြန်ချက်ကို ဒီတစ်ပတ်အတွင်းမှာ ထုတ်ပြန်ဖို့ရှိနေတယ်လို့  အဆိုပါဌာနနဲ့ နီးစပ်တဲ့အသိုင်းအဝန်းက ဒီဗွီဘီကို ပြောပါတယ်။   

ကားအရောင်းစင်တာ Consignment နဲ့ အရောင်းပြခန်း CBU တွေကိုလည်း  စက်တင်ဘာ  ၃၀ ရက်နေ့ နောက်ဆုံးပါမစ်လျှောက်ရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။

ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်နေတဲ့ SKD ကားတွေကတော့ သွင်းကုန်ပါမစ်မလိုဘဲ ဆက်လက်ထုတ်လုပ်ရောင်းချနိုင်မှာဖြစ်ပြီး ဒေါ်လာဈေးအပြောင်းအလဲမြင့်တက်နေတာကြောင့် ဈေးဖွင့်ဖို့အတွက် အခက်ခဲဖြစ်နေပြီး ရောင်းချမှုတွေကိုလည်း ရပ်ထားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနဟာ လိုင်စင်မဲ့ without ကားတွေကိုလည်း လိုင်စင်လုပ်ပေးဖို့ စီစဉ်နေပြီး  စစ်ကောင်စီအနွယ်ဝင်တွေနဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ ပတ်သက် ဆက်နွှယ်သူတွေရဲ့ အကျိုးစီးပွား တိုးတက်လာဖို့အတွက် စီစဉ်နေတာတယ်လို့  ဌာနတွင်း သတင်းအရင်းအမြစ်က ပြောပါတယ်။

1 min Ago
Up