close

ကားဖြင့်တိုက်

close

July 7, 2022

ဆဲဗင်းဇူလိုင်နေ့ ဆန္ဒပြသည့် ရန်ကုန်သပိတ်လူငယ်များကို စစ်ကောင်စီက ကားဖြင့်တိုက်

ရန်ကုန်၊ လှိုင်မြို့နယ်၊ သုခမှတ်တိုင်အနီးမှာ ဒီကနေ့ ဆဲဗင်းဇူလိုင် နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ဆန္ဒပြခဲ့တဲ့လူငယ်တွေရဲ့ သပိတ်စစ်ကြောင်းကို  စစ်ကောင်စီက အကြမ်းဖက် ကားနဲ့တိုက် ဖြိုခွင်းခဲ့ပါတယ်။  

ရန်ကုန် သပိတ်အဖွဲ့ဝင်တဦးက “ညနေ ၃ နာရီခွဲလောက်က ကားနဲ့တိုက်ပြီး ဖြိုခွင်းခံခဲ့ရတာ။ တိုက်သွားတဲ့ကားက အိမ်စီးကားပါ။ တယောက်ထိသွားတယ်။ ဒါပေမဲ့ အဖမ်းမခံခဲ့ရပါဘူး။ အားလုံး ဘေးကင်း safe ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အိမ်က အမေ၊ အဖေကို မျက်နှာထဲမြင်ပြီး ဇောနဲ့ထပြေးရတာ၊ အခုတော့ အရမ်းကိုနာနေတယ်လို့ ကားနဲ့အတိုက်ခံရတဲ့ လူငယ်က ပြောတဲ့အကြောင်း သူနဲ့ အဆက်အသွယ်ရတဲ့သူတဦးက ပြောပါတယ်။

ကားနဲ့ အတိုက်ခံရတဲ့ လူငယ်ဟာ တခြားလူငယ်တယောက် ကားလမ်းမအလယ်မှာ နေရာယူချီတက်နေတာကို စိတ်မချလို့ သူကိုယ်တိုင် လမ်းလယ်ဘက်အခြမ်းကနေ ဆန္ဒပြခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

လှိုင်မြို့နယ် သုခမှတ်တိုင်အနီးတွင် ဗကသများအဖွဲ့ချုပ်က ဆဲဗင်းဂျူလိုင် နှစ် ၆၀ ပြည့်အထိမ်းအမှတ်အဖြစ် “7July စိတ်ဓာတ် လက်စွဲသုံး၊ ကမ္ဘာသစ်အတွက် ဒို့အတူရုန်း၊ 7762 မမေ့ကြနဲ့” စာသားပါဘန်နာနဲ့  စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို  ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြလူငယ်တွေကို ဖက်ဆစ်တပ်က ဗုံးနဲ့ ပစ်ပြီး အိမ်စီးကား Toyota Belta အဖြူ ကားနံပါတ် YGN/7J-5050 နဲ့ ဝင်တိုက်ကာဖြိုခွဲခဲ့တာဖြစ်ပြီး  ကားနဲ့တိုက်ဖြိုခွဲမှုကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်ရှိခဲ့ပြီး  ဖမ်းဆီးခံရတဲ့ စာရင်းကို စိစစ်နေဆဲလို့ ဗကသများအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးဗျူရိုက ထုတ်ပြန်ထားပါတယ်။

ကားနဲ့တိုက်ဖြိုခွင်းခံရအပြီး စစ်ကောင်စီက အိမ်စီးကား တစီးနဲ့ ရောက်လာပြီး သေနတ် နှစ်ချက်ပစ်ဖောက်ခဲ့ကာ  မကြာခင်မှာ နောက်ထပ်  စစ်ကားလေးစီးနဲ့ အနီးတဝိုက်ကို စစ်ဆေး ခဲ့ပါတယ်။ 

ဒါ့အပြင် icar Service Center အတွင်းဝင်ပြီး   CCTV တွေကို စစ်ဆေးနေတယ်လို့ လှိုင်မြို့နယ်ရဲ့သတင်းတွေကို တင်ပေးနေတဲ့  Hlaing Info ကထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၅ ရက်ကလည်း ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူငယ်တွေကို  စစ်ကောင်စီတပ်က  ကားတစီးနဲ့ အရှိန်နဲ့မောင်းလာပြီး အကြမ်းဖက် ဝင်တိုက် သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခဲ့ဖူးပါတယ်။ 

ဓာတ်ပုံ - AAMIJ

9 hours Ago

December 5, 2021

ရန်ကုန်သပိတ်ကို ကားဖြင့်တိုက်ပစ်ခတ်ခဲ့မှု ပြင်းပြင်းထန်ထန်တုံ့ပြန်မည်ဟု စစ်ဒေသ ကွပ်ကဲရေးအဖွဲ့ ပြော

ရန်ကုန်လူထုသပိတ်ကို အကြမ်းဖက်စစ်ကောင်စီက ကားနဲ့တိုက်သတ်၊ သေနတ်နဲ့ပစ်ခဲ့အပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်ပြီး တော်လှန်ရေးအရှိန်ကို မြှင့်သွားမယ်လို့ရန်ကုန်တိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့က ဆိုပါတယ်။

ဒီမနက် ၈ နာရီခွဲလောက်က ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြ ချီတက်လာတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်တွေက လူမဆန်ဘဲ ကားနဲ့တိုက်သတ်တာ၊ သေနတ်နဲ့ ပစ်သတ်တာတို့ကြောင့် လူငယ်တချို့ ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ဆေးကုခွင့်မပေးဘဲ စစ်ကြောရေးစခန်းတွေဆီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဒီလို ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လက်နက်မပါတဲ့ ပြည်သူတွေအပေါ် ရက်စက်ယုတ်မာ သတ်ဖြတ်ခဲ့ကြတဲ့ ဖြစ်စဉ်ကို အမိန့်ပေးညွှန်ကြားခိုင်းစေခဲ့တဲ့ စစ်တပ်နဲ့ သူတို့ရဲ့ လက်ပါးစေအားလုံးကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မှာဖြစ်ပြီး တော်လှန်ရေးအရှိန်ကို အခုထက် ပိုမြှင့်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။

ပခုက္ကူလူထုတိုက်ပွဲကော်မတီ၊ မကွေးလူထုတိုက်ပွဲကော်မတီနဲ့ မြိုင်မြို့နယ်အခြေခံပညာ အထွေထွေသပိတ်ကော်မတီတို့ကလည်း ရန်ကုန်က ကျဆုံး ရဲဘော်တွေနဲ့ မတရား ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ရဲဘော်တွေကို အထူး လေးစားဦးညွတ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ကြည့်မြင်တိုင်လူထုသပိတ်နဲ့ အခြားသော လူထုသပိတ်တိုက်ပွဲတွေ၊ ခုခံတော်လှန် စစ်ပွဲတွေမှာ ပေးဆပ်ခဲ့ရတဲ့ တော်လှန်ရေးရဲဘော်အားလုံးရဲ့ သွေးကြွေးတွေအတွက် မကွေးတိုင်း အခြေစိုက် ဒီမိုကရေစီလူထုလှုပ်ရှားမှုအင်အားစုများအနေနဲ့ စစ်အာဏာရှင်စနစ် အကြွင်းမဲ့ အမြစ်ပြတ်ကျဆုံးတဲ့အထိ လူထုလှုပ်ရှားမှုတွေ ပိုမို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး လက်တွဲ ကြိုးပမ်းသွားမယ်လို့ ကြေညာထားပါတယ်။

7 months Ago
Up