close

ကားဗုံးခွဲ

close

March 25, 2022

ယီမင်စစ်တပ် အကြီးတန်းခေါင်းဆောင် ၁ ဦး ကားဗုံးခွဲခံရသဖြင့် သေဆုံး

ယီမင်နိုင်ငံတောင်ပိုင်းက အေဒင်ဆိပ်ကမ်းမြို့မှာ ကားဗုံးခွဲခံရလို့ ယီမင်စစ်တပ် အကြီးတန်းခေါင်းဆောင် တယောက်နဲ့ နောက်လိုက် ၃ ယောက် မတ် ၂၃ ရက်က သေဆုံးတယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး ယီမင်မီဒီယာတွေက မတ် ၂၄ ရက်မှာ ဖော်ပြပါတယ်။

ဗိုလ်မှူးချုပ် သာဘတ်ဂါဝက်စ်ဟာ အကြမ်းဖက် တိုက်ခိုက်ရေးသမား အတော်တွေရဲ့ သူရဲဘောကြောင်စွာ တိုက်ခိုက်မှုကြောင့်  သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။

အေဒင်မြို့ရဲ့ AIC ရုပ်သံကလည်း မီးလောင်နေတဲ့ကားရဲ့ ရုပ်ပုံကို ပြသပါတယ်။ ဒီတိုက်ခိုက်မှုအပေါ် ဘယ်အဖွဲ့အစည်းကမှ  တာဝန်ခံတာ မရှိသေးပါဘူး။

ဂါဝက်စ်ဟာ ယီမင်နိုင်ငံအတွင်း ဟူသီအုပ်စုရဲ့ရန်သူ ဖြစ်နေတာ ကြာပါပြီ။ သူဟာ ဟူသီတွေနဲ့ ဆာဒါမြို့မှာ တိုက်ခဲ့ဖူးပြီး သူပါဝင်တဲ့ စစ်ဆင်ရေးတွေအတွင်း ဟူသီတွေကို နိုင်ငံတောင်ပိုင်း လာဂျ်ဒေသကနေ ၂၀၁၅ မှာ နှင်ထုတ်ခဲ့ပါတယ်။

အဲဒီနောက် ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်က ယီမင်စစ်ရေးမှာ ဝင်စွက်ဖက်ခဲ့ပြီး အီရန်နဲ့ မဟာမိတ် ဟူသီတွေကို တိုက်ခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနကရော အေဒင်မြို့ကို ထိန်းချုပ်ထားတဲ့ အစိုးရနဲ့ မိတ်ဘက် ခွဲထွက်ရေးဝါဒီ တောင်ပိုင်း အသွင်ကူးပြောင်းရေး ကောင်စီကပါ ဂါဝက်စ် သေဆုံးတဲ့အတွက် ဝမ်းနည်းကြောင်း ကြေညာချက် အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

12 hours Ago

December 21, 2020

အာဖဂန်နစ္စတန်တွင် လွှတ်တော်အမတ်ကို ပစ်မှတ်ထားကားဗုံးခွဲ၊ လူ ၉ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကဘူးလ်မှာ လွှတ်တော်အမတ်တယောက်ကို ပစ်မှတ်ထားပြီး ဒီဇင်ဘာ ၂၀ ရက်မှာ ကားဗုံးခွဲခဲ့လို့ လူ ၉ ယောက်ထက်မနည်း သေဆုံးတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဖောက်ခွဲခံရပေမယ့် လွှတ်တော်အမတ် ခန်းမိုဟမ်မဒ်ဝါဒက်ခ် အပါအဝင် လူ ၂၀ ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတချို့က အမျိုးသမီးတွေနဲ့ ကလေးတွေလို့ အာဖဂန် ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ဒီလုပ်ရပ်အတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ အခိုင်အမာ မသိရသေးပါဘူး။ လတ်တလော သီတင်းပတ်တွေအတွင်း အာဖဂန်အစိုးရနဲ့ တာလီဘန်တွေကြား စစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးနေချိန်မှာ ဗုံးခွဲတာ အပါအဝင် အကြမ်းဖက်မှုတွေ သိသိသာသာ တိုးလာနေပါတယ်။  ပြီးခဲ့တဲ့ ၃ လအတွင်း တာလီဘန်တွေက နိုင်ငံတလွှား အသေခံတိုက်ခိုက်မှု ၃၅ ကြိမ်နဲ့ ဗုံးခွဲမှု ၅၀၇ ကြိမ် ဆောင်ရွက်ခဲ့ပြီး အရပ်သား ၄၈၇ ယောက် သေဆုံးပြီး ၁၀၄၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။
1 year Ago
Up