close

ကားမိုင်းဆွဲ

close

January 1, 2022

ဗန်းမော်မြို့ ၌ ကားမိုင်းဆွဲခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦးသေ၊ ၂ ဦးဒဏ်ရာ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီဇင်ဘာ ၃၁ ညနေပိုင်းက ကား မိုင်းဆွဲခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ယောက် သေဆုံးကာ  ၂ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မနေ့ညနေ ၄ နာရီခွဲလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက်လိုက်ပါလာတဲ့ကား   ဗန်းမော် ၃ မိုင်ကွက်သစ်ရှိ စားသောက်ဆိုင်နားအရောက်မှာ  မိုင်း ၂ လုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ဗန်းမော် ဒေသခံတယောက်က "စစ်ကောင်စီတပ်က မြို့ထဲလှည့်ပတ်ပြီး ကား၊ ဆိုင်ကယ်နဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုပြုလုပ်ပြီး အပြန်မှာ  အောင်ပင်လယ် စားသောက်ဆိုင်ရှေ့မှာ မိုင်းဆွဲခံခဲ့ရတာ။ ယာဉ်ထိန်းရဲတွေ  ရဲတွေနဲ့ စစ်သားတွေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးတယ်။ နှစ်ဦး ဒဏ်ရာရသွားတယ်" လို့ ပြောပါတယ်။

အဆိုပါမိုင်းခွဲတိုက်ခိုက်မှုကို  ဘယ်အဖွဲ့အစည်းက မိုင်းဆွဲတာလဲ ဆိုတာကိုတော့ မသိရဘူးလို့ ဒေသခံက ပြောပါတယ်။

ဗန်းမော်မြို့မှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ  ၂၂ ရက်ကလည်း   ရဲတပ်ဖွဲ့ဝင် တယောက် ဆိုင်ကယ်စီးလာစဉ် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး အောက်တိုဘာလအတွင်းမှာလည်း  နန်းသီတာမီးပွိုင့်အနီးမှာ ဗုံးပေါက်ကွဲမှု  နှစ်ကြိမ် ဖြစ်ပွားခဲ့ပါသေးတယ်။

2 mins Ago
Up