close

ကားမီးလောင်မှု

close

September 28, 2022

အမရပူရတွင် ခြောက်ဘီးကား ၁ စီး မီးလောင်၊ ယာဉ်မောင်းထွက်ပြေး

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ယဥ်တော်ကျေးရွာအနီး မန္တလေး-စစ်ကိုင်းသွားတဲ့ ကားလမ်းမှာ စက်တင်ဘာ ၂၇ ရက် ညပိုင်းက ခြောက်ဘီးယာဉ် တစီး မီးလောင်ခဲ့ပါတယ်။

မနေ့ည ၈ နာရီ ၄၇ မိနစ်လောက်က အမရပူရမြို့နယ်၊ ယဉ်တော်ကျေးရွာ၊ မန္တလေး-စစ်ကိုင်း ကမ်းနားလမ်း၊ အောင်သာဆီဆိုင်နဲ့  Denko ဆီဆိုင် အကြားတွင်မှာ ကားမီးလောင်ခဲ့တာ ဖြစ်ပြီး ည ၈ နာရီ ၅၈ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။

ကားအင်ဂျင် အပူလွန်ကဲရာကနေ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး  မီးသတ်တပ်ဖွဲ့တွေ လာရောက် မီးငြှိမ်းသတ်ခဲ့ရာ  ကားအရှေ့ခန်းနဲ့ တာယာတွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ကားပေါ် ပုလဲဓာတ်မြေဩဇာတွေ ပါတယ်လို့ သိရတယ်။ ကားမီးလောင်တော့ ကားသမားက ထွက်ပြေးသွားတယ်” လို့ ပြောပါတယ်။

ထွက်ပြေးသွားတဲ့ ယာဉ်မောင်းကို သက်ဆိုင်ရာရဲစခန်းမှာ  ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ထားပါတယ်။

4 months Ago
Up