close

ကားမီးလောင်

close

February 21, 2023

ရန်ကုန်မြို့တွင် တရက်တည်း ကားမီးလောင်မှု ၂ ကြိမ်ဖြစ်

ရန်ကုန်တိုင်း၊ ဒဂုံနဲ့ မရမ်းကုန်းမြို့နယ်တို့မှာ ဖေဖော်ဝါရီ ၂၀ ရက် မနက်နဲ့ ညပိုင်းမှာ ကားနှစ်စီး မီးလောင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံမှာ မနေ့ည ၈ နာရီခွဲက ကားတစီးမီးလောင်ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနဲ့ လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်းက ကူညီပြီး မီးငြှိမ်းသတ်ပေးခဲ့တယ်လို့ ဘုရင့်နောင် ၂ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အပူချိန်တက်ပြီး ဂက်စ်အိုးပေါက်ပြီး မီးလောင်တာလို့ ပြောတယ်။ လမ်းသွားလမ်းလာတွေလည်း ဝင်ပြီး မီးသတ်ပေးကြတယ်။ ယာဥ်မောင်းက ဆင်းပြေးလို့ ဘာမှမဖြစ်ဘူး၊ ကားပဲမီးလောင်တာ။”

အလားတူ ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက် ယောမင်းကြီးလမ်းမှာလည်း မနေ့မနက် ၉ နာရီလောက်က အငှားယာဥ်တစီး မီးလောင်မှုဖြစ်ခဲ့ပြီး ကျောက်တံတားမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြှိမ်းသတ်ခဲ့လို့ ထိခိုက်ဒဏ်ရာရသူမရှိဘဲ မီးငြိမ်းသွားတယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက် မနက်အစောပိုင်းကလည်း ဒဂုံမြို့သစ်စက်မှုဇုန် ကနောင်မင်းသားကြီးလမ်းမှာ ကားတစီး မီးလောင်ခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကလည်း ကမာရွတ်၊ တောင်ဒဂုံနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ ကားမီးလောင်မှု ဖြစ်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။

3 mins Ago

March 19, 2022

ပုသိမ်-ချောင်းသာလမ်းတွင် ကားမီးလောင်ပြီး လူ ၇ ဦးသေဆုံး

ဧရာဝတီတိုင်း၊  ပုသိမ်-ချောင်းသာ ကားလမ်းပေါ်မှာ မတ်လ ၁၉ ရက် မွန်းလွဲပိုင်းက ယာဥ်တိုက်မှုဖြစ်ပြီး  အိမ်စီးကားတစီးမီးလောင်မှုကြောင့် ကလေးတွေအပါအဝင်   လူ ၇ ယောက်  မီးလောင်သေဆုံးခဲ့တယ်လို့ အကူအညီပေးရေးအဖွဲ့တွေထံက သိရပါတယ်။

ကလပ်ချီရွာထိပ်နားမှာ ကံထူးအောင်ခရီးသည်တင်ကားနဲ့ အိမ်စီးကားတိုက်မိရာကနေ အိမ်စီးကားမီးလောင်ကာ လိုက်ပါလာတဲ့ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ ကလေး ၂ ဦးအပြင် ခွေးတကောင်ပါသေဆုံးခဲ့တယ်လို့ ပရဟိတအသင်းအဖွဲ့ တဦးက ပြောပါတယ်။

"အားလုံး လူက ၇ ယောက်။ ကလေး ၂ ယောက်လည်း ပါတယ်။ ပြီးတော့ ခွေး ၁ ကောင်ပါ ပါသေတယ်။”

ယာဥ်တိုက်မှုဖြစ်ပြီးနောက် ကားရဲ့ဦးပိုင်းက စတင်မီးလောင်ခဲ့တာဖြစ်ပြီး တံခါးလော့ကျနေတာကြောင့် အထဲကလိုက်ပါလာသူတွေ  မီးလောင်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ကားတိုက်မှုဖြစ်တဲ့နေရာဟာ ကျေးရွာနဲ့အလှမ်းဝေးအပြီး အသွားအလာပြတ်တဲ့နေရာ ဖြစ်တာကြောင့် မီးကိုခက်ခက်ခဲခဲ အချိန်ကြာမြင့်စွာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကားမီးလောင်မှုကြောင့် သေဆုံးခဲ့တဲ့သူတွေဟာ ဘယ်ဒေသကလာတဲ့  ဘယ်သူဘယ်ဝါတွေဆိုတာ ပိုတော့ ခုချိန်ထိမသိရသေးဘဲ စုံစမ်းနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

11 months Ago
Up