အမေရိကန်ပြည်ထောင်စု၊ အလာဘားမားပြည်နယ်မှာ အပူပိုင်းမုန်တိုင်း ကလော့ဒတ်တေ တိုက်ခတ်နေချိန် မိုးကြီးနေတုန်း ဗန်ကားတစီးနဲ့ တခြားကားတွေ ဆင့်တိုက်မိလို့ ကလေး ၉ ယောက်နဲ့ အမျိုးသား တယောက် သေဆုံးတယ်လို့ အာဏာပိုင်တွေက ဇွန် ၁၉ ရက်မှာ ပြောပါတယ်။
စနေမွန်းလွဲပိုင်းမှာ အလာဘားမားငြိမ်ဝပ်ပိပြားရေးကောင်စီ လူငယ်ပျိုးထောင်ရေးစခန်းက အသက် ၄ နှစ်ကနေ ၁၇ နှစ်ကြား ကလေး ၈ ယောက်ကို တင်လာတဲ့ ကားအပါအဝင် ကား ၁၈ စီး ဆင့်တိုက်တဲ့ ဖြစ်ရပ်အတွင်း အသက် ၉ လသမီးနဲ့ သူ့ဖခင် အသက် ၂၉ နှစ်အရွယ် အမျိုးသားတို့လည်း သေဆုံးတယ်လို့ ဘတ်တ်လာမြို့နယ် ငြိမ်ဝပ်ပိပြားရေးအရာရှိ ဒန်နီ ဘွန်းက ပြောပါတယ်။
လူငယ်စခန်းဟာ ပြည်နယ်အတွင်း စောင့်ရှောက်ဖို့လိုတဲ့ စွန့်ပစ်ခံ အလွဲသုံးစားခံ ကျောင်းနေအရွယ် ကလေးတွေအတွက် ဂေဟာလို့ သူ့ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။
အားကောင်းတဲ့ မုန်တိုင်းကာလအတွင်း ဂရင်းဗေလီနဲ့ ဖို့ထ်ဒေပိုဆစ်မြို့တွေကြား ပြည်နယ်ချင်းဆက် အဝေးပြေးလမ်း အမှတ် ၆၅ မှာ ကားတွေ ဆင့်တိုက်တဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေး နေဆဲပါ။