close

ကားလမ်းကျွံကျ

close

September 30, 2021

ာ့ခ်ခရိုင်တွင် မိုးသည်းထန်မှုကြောင့် ကားလမ်းကျွံကျ (ဓာတ်ပုံ)

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် တာ့ခ်မြို့နယ်ထဲမှာ ဒီကနေ့မနက် ၈ နာရီလောက်က  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ် ၁၁၇၅ လမ်းမကြီးပေါ်မှာ ကားလမ်းကွဲအက်ကျွံကျမှု ဖြစ်ပွားခဲ့ပါတယ်။ 

အဆိုပါနေရာဟာ ဟွေ့ဆုမ့်ဘွယ် နဲ့ စေတီယုတ်ထဟတ်ကျေးရွာကြားရှိ မိုင်တိုင်အမှတ် (၅၅+ ၃၀၀) မှာ ဖြစ်ပွားခဲ့ပြီး တောင်စောင်းနားဖောက်ထားတဲ့ ကားလမ်းပြတ်ထွက်ကာ ချောက်ထဲကို ကျွံကျသွားခဲ့တာပါ။ 

တာဝန်ရှိသူတွေက အဲဒီနေရာတဝိုက် ဖြတ်သန်းသွားလာခွင့်ယာယီပိတ်ထားလိုက်ပြီး အန္တရာယ်ရှိ သတိပေးဆိုင်းဘုတ်ထောင်ထားလိုက်သလို  လောလောဆယ် အဆိုပါလမ်းအစား မဲ့လ မော့နဲ့ တာ့ခ်မြို့နယ်ကြားရှိ အမှတ် ၁၂ လမ်းကို အသုံးပြုဖို့ ကြေညာထားပါတယ်။ 

ကိုးကား - AEC อาเซียน News

2 mins Ago
Up