အင်္ဂလန်နဲ့ မန်ယူနိုက်တက်နောက်ခံလူ လုခ်ရှောဟာ ထိပ်တန်းအဆင့် ခြေစွမ်းပိုင်ဆိုင်ဖို့ အရည်အချင်း အားလုံးရှိနေပြီ ဖြစ်တယ်လို့ ဘရာဇီးဂန္ထဝင်နောက်ခံလူ ရောဘတ်တိုကားလို့စ်က ချီးကျူးလိုက်ပါတယ်။
ယူကရိန်းကို ၄ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ယူရိုကွာတားဖိုင်နယ်ပွဲစဉ်မှာ လုခ်ရှောက ခြေစွမ်းပြသနိုင်ခဲ့ပြီး အားလုံးရဲ့ချီးကျူးမှုတွေ ခံခဲ့ရပါတယ်။
တချိန်က အကောင်းဆုံး ဘယ်နောက်ခံလူဖြစ်ခဲ့ဖူးတဲ့ ဘရာဇီးဂန္ထဝင်ကားလို့စ်ကလည်း လုခ်ရှောကို ချီးကျူးခဲ့တာပါ။
“သူ့က စိတ်အားထက်သန်မှု တအားရှိတယ်ဆိုတာ မြင်တွေ့နိုင်ပြီး၊ အမှန်တကယ်လည်း တိုးတက်မှုရှိလာတယ်ဆိုတာ ယူကရိန်းနဲ့ ပွဲမှာမြင်တွေ့ရမှာ ဖြစ်တယ်။ ပွဲစဉ်တိုင်းမှာ တိုးတက်လာတဲ့ခြေစွမ်းပြသနေပြီး ထိပ်တန်းအဆင့်ခြေစွမ်းပိုင်ဆိုင်နိုင်တဲ့ အရည်အချင်း အားလုံးလည်း သူ့မှာ ရှိနေပြီ ဖြစ်တယ်။ သူနဲ့ နှိုင်းယှဉ်တာ မကြိုက်ပေမယ့် အောင်ပွဲရဖို့ ဆာလောင်တဲ့စိတ်ဓာတ်နဲ့ ခွန်အားတွေရှိတာချင်းကတော့ အတူတူပဲဖြစ်တယ်” လို့ ကားလို့စ်က ပြော ပါတယ်။
ကားလို့စ်နဲ့ လုခ်ရှောတို့ဟာ လာမယ့်လပိုင်းအတွင်း မန်ချက်စတာမှာပြုလုပ်မယ့် ယူနီဆက်ဖ်ရဲ့ ပွဲတစ်ခုမှာ တွေ့ဆုံဖို့ရှိပါသေးတယ်။