close

ကားဝင်တိုက်

close

January 12, 2023

တရုတ်တွင် လမ်းဖြတ်ကူးသည့်လူအုပ်ထဲ ကားဝင်တိုက်၊ ၅ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရ

တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့မှာ ကားတစီးဟာ ဇန်နဝါရီ ၁၁ ရက်က လမ်းဖြတ်ကူးနေတဲ့ လူအုပ်ကြားထဲကို ဝင်ရောက်ဖြတ်တိုက်ခဲ့တာကြောင့် လူ ၅ ဦးသေဆုံးပြီး နောက်ထပ် ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ထုတ်လွှင့်ပါတယ်။ 

ဒါဟာ ကားနဲ့ အစုအပြုံလိုက် တမင်တိုက်သတ်တာ ဖြစ်နိုင်တယ်လို့ ပြောဆိုကြပြီး ရိုက်တာသတင်းဌာနကရထားတဲ့ ဗီဒီယိုမှတ်တမ်းထဲမှာလည်း ဒီကားဟာ လမ်းလျှောက်သွားလာနေသူတွေထဲကို ဝင်တိုက်ခဲ့ပြီးနောက် ဆက်မောင်းထွက်သွားတာကို တွေ့ရပါတယ်။

ကားနဲ့တိုက်ခံခဲ့ရသူတွေကတော့ လမ်းမပေါ်မှာတင် လဲလျောင်း ကျန်ရှိနေခဲ့ကြတာဖြစ်ပြီး ဒေသန္တရ အာဏာပိုင်တွေကတော့ ယာဉ်မောင်းကို ဖမ်းမိပြီမို့ ဒီဖြစ်ရပ်အတွက် ဆက်လက် စုံစမ်းစစ်ဆေးနေတယ်လို့ နိုင်ငံပိုင်ရုပ်သံ CGTN က ကြေညာပါတယ်။

8 mins Ago

November 3, 2020

နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ကို ကားဝင်တိုက်၊ ၂ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကြိမ်ဂနိုင်အုပ်စု ခြေမြစ်ပင်ရွာရှိ  ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ကို နောင်ချိုဘက်မှ မန္တလေးဘက်သို မောင်းလာတဲ့ တွဲကားယာဉ်တစ်စီးက နိုဝင်ဘာ ၂ ည ၇ နာရီလောက်မှာ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့လို့ ၂ ဦး သေဆုံးသွားပါတယ်။  စစ်ဆေးဂိတ်မှာ အမည်မသိလူတယောက် နေရာမှာ သေဆုံးပြီး၊ ယာဉ်ထိန်းရဲအရာခံတဦးကတော့ ပြင်ဦးလွင်ဆေးရုံသို့ပို့ဆောင်ရာမှာ သေဆုံးသွားတယ်လို့ စစ်ဆေးရေးဂိတ်တာဝန်ကျ ဌာနဆိုင်ရာဝန်ထမ်းတဦးက ပြောပါတယ်။ “တိုက်တဲ့ကားဆရာဟာ သူ့ကို ကျော်တက်သွားတဲ့ကားကို ပြန်လိုက်တိုက်တာပါ။ လမ်းလယ်က မိုးကာတဲနဲ့ စစ်ဆေးရေးဂိတ်ကော သွပ်ဆူးကြိုးနဲ့ ဘယ်ရီဂိတ်ပါ တိုက်သွားပါတယ်။ အဲဒီနားရောက်နေတဲ့ အံစာတုံးကားဆရာရော ယာဉ်ထိန်းတဦးရော ဆုံးသွားပါပြီ။”  ယာဉ်မောင်း တရားခံ ကိုမြင့်သိန်း (ဘ)ဦးစံဖေ နမ့်ဆမ် နေသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့် အရေးယူထားတယ်လို့သိရပါတယ်။ သတင်း - နန်းစပယ်၊ ဓာတ်ပုံ - Myo Thant Aung,Thi Gyar Minn
2 years Ago
Up