တောင်တွင်းကြီးမြို့မှာ သြဂုတ် ၁၃ ရက် ညပိုင်းက မြို့ပေါ်နေ ပြည်သူတဦးကို စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။
“ည ၁၀ နာရီခွဲလောက်မှာ အိမ်ကိုလာဖမ်းသွားတာ။ ရဲတွေအရပ်ဝတ်နဲ့ စစ်သားတွေလည်း ပါတယ်။ စစ်ကားအသေးလေးနဲ့ လာခေါ်သွားတာ။ ဘာကြောင့်ခေါ်တယ်ဆိုတာလည်း မသိရသလို ဘယ်ကို ခေါ်သွားတယ်ဆိုတာလည်း မသိရသေးဘူး။ ကိုယ့်အိမ်မှာ ကိုယ်နေတာတောင် ပြည်သူတွေ ဘဝတွေက မလုံခြုံတော့ပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးသွားသူမှာ ကိုစိုင်းစံဟ (ခေါ်) ကိုစိုင်း ဆိုသူဖြစ်ပြီး အုန်းတော ၁ ရပ်ကွက်မှာ နေထိုင်ကာ ဆံပင်အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခုမနက်ပိုင်းကလည်း စစ်ကောင်စီတပ်တွေက ဖမ်းဆီသွားသူ ကိုစိုင်းစံဟရဲ့ နေအိမ်ကို ထပ်မံဝင်ရောက်ရှာဖွေရာခဲ့ကြပြီး NLD ပါတီနဲ့ ပြက္ခဒိန်၊ ဓာတ်ပုံ၊ ရင်ထိုးတွေကို ရှာဖွေသိမ်းဆည်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။