close

ကိုစိုင်းဘိုဘိုအောင်

close

November 17, 2022

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်‌ရေးပါတီ ခေါင်းဆောင် အပါအဝင် ၄ ဦး ခန္တီးထောင်မှ ပြန်‌လွတ်‌

စစ်‌ကိုင်းတိုင်း၊ ခန္တီးအကျဉ်းထောင်မှာ  ပုဒ်‌မ ၅၀၅(က) နဲ့ ဖမ်းဆီးခံထားရတဲ့ တိုင်းလိုင် ( ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်‌ရေးပါတီ ဥက္ကဋ္ဌ ကိုစိုင်းဘိုဘိုအောင် အပါအဝင် နိုင်‌ငံ‌ရေးအကျဉ်းသား ၄ ဦး  နိုဝင်‌ဘာ ၁၇ ရက်‌‌က လွတ်‌မြောက်လာပါတယ်‌။

ဒေသခံအကျဉ်းဦးစီးဌာန ဝန်ထမ်းတဦးက “အခုမနက်‌မှာ စစ်‌‌ကောင်‌စီက လွတ်‌ငြိမ်းချမ်းသာခွင့်နဲ့ ခန္တီးကနေ အကျဉ်းသား ၄ ဦး လွှတ်‌‌ပေးလိုက်‌တယ်။ ခန္တီးက ၁‌ ယောက်‌၊ ဟုမ္မလင်းဘက်‌က ၃‌ ယောက်‌၊ စုစု‌ပေါင်း ၄ ယောက်၊ သူတို့က ၅၀၅(က) နဲ့ ဖမ်းဆီးခံရသူတွေဖြစ်‌တယ်‌”လို့ ပြောပါတယ်‌။

စိုင်းဘိုဘို‌အောင်‌ကတော့ အခုည‌နေ ၃ နာရီ‌လောက်‌မှာ အိမ်‌ပြန်‌‌ရောက်‌ပြီလို့ သူ့ရဲ့ မိတ်ဆွေသူငယ်ချင်းက ပြောပါတယ်‌။

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ မြို့နယ်ဥက္ကဋ္ဌ စိုင်းဘိုဘိုအောင်‌ဟာ ခန္တီးမြို့က စစ်‌အာဏာရှင်‌ဆန့်ကျင်‌‌ရေး လှုပ်‌ရှားမှုမှာ ပါဝင်‌တယ်‌ဆိုပြီး စစ်‌‌ကောင်‌စီက ၂၀၂၁ ဇွန်‌ ၂၁ ရက်‌‌နေ့မှာ ဖမ်းဆီးပြီး ပုဒ်‌မ ၅၀၅(က) နဲ့‌ ထောင်‌ဒဏ်‌ ၂ နှစ်‌ ချခဲ့တာ ဖြစ်‌ပါတယ်‌။

သူဟာ ၂၀၂၀‌ ရွေး‌ကောက်‌မှာ ခန္တီးမြို့ တိုင်းလိုင်(ရှမ်းနီ)ပါတီက‌နေ အမှတ်‌ ၂ မဲဆန္ဒ‌နယ် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်‌‌ရောက်‌ယှဉ်‌ပြိုင်ခဲ့ပါတယ်။

40 seconds Ago
Up