ဘီလ်ဘာအိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ကိုပါဒယ်ရေးဖလားပွဲစဉ်မှာ ဟာဇက်နဲ့ ဘေးလ်တို့ကို အသုံးမပြု ခဲ့တာနဲ့ ပတ်သက်ပြီး မေးမြန်းမှုတွေကို နည်းပြ အန်စလော့တီက ဒေါသထွက်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ကိုပါဒယ်ရေး ဖလားကွာတားဖိုင်နယ်မှာ ဘီလ်ဘာအိုကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ဟာဇက်၊ ဘေးလ်နဲ့ လူကာဂျိုဗစ်တို့လို တိုက်စစ်ကစားသမားတွေ အရန်ခုံမှာရှိနေပေမဲ့ အသုံးမပြုခဲ့တာဖြစ်ပါတယ်။
အဲဒီအပေါ်မှာ မီဒီယာတွေက နည်းပြအန်စလော့တီကို မေးမြန်းခဲ့ပြီး သူတို့အကြောင်းကို ဘာကြောင့် မေးနေတာလဲလို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
သူတို့လိုပဲ ပွဲမကစားခဲ့ရတဲ့ ဒမ်နီဆီဘယ်ယော့နဲ့ ကာဗာဟယ်တို့အကြောင်းကိုတော့ ဘာကြောင့် မေးခွန်းမမေးမြန်းတာလဲလို့လည်း နည်းပြအန်စလော့တီက ပြန်ပြောခဲ့ပါတယ်။
နည်းပြတစ်ဦးအနေနဲ့ ဆုံးဖြတ်ချက်ချမှတ်ရပြီး ဟာဇက်နဲ့ ဘေးလ်တို့လိုပဲ တခြားကစားသမားတွေဟာလည်း ပွဲကစားခွင့်ရခဲ့တာ မဟုတ်ကြောင်း အန်စလော့တီက ပြောသွားပါတယ်။
အန်စလော့တီဟာ ဘရာဇီးနဲ့ ပွဲပန်းလာတဲ့ ဗင်နီဆီးယက်စ် နဲ့ ရိုဒရိုင်ဂိုတို့ကို ပွဲအစကတည်းက အသုံးပြုခဲ့ပေမယ့် အနားရထားတဲ့ နာမည်ကြီးကစားသမားတွေကို အသုံးမပြုခဲ့တဲ့အပေါ် ဝေဖန်မှုတွေရှိခဲ့ပါတယ်။